အမြို့မြို့အနယ်နယ်သတင်းများ

Jan 29,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မကျီးကန်ကျေးရွာ တောင်ပေါ်ကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Jan 29,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ၊ မြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ကျန်းမာရေး ဝန်ထမ်းများအား Covisheild ကာကွယ်ဆေး စတင်ထိုးနှံခဲ့ကြောင်း သိရသည်။
Jan 29,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူနိုင်ရေး အတွက် နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အလှူငွေများလှူဒါန်းလျက်ရှိကြောင်း သိရသည်။
Jan 29,2021
ပဲခူးတိုင်ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်း အနားကို ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၌ ယနေ့ နံနက်(၁၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
Jan 29,2021
ကယားပြည်နယ်၊ ဖား​​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနက ကြီးမှူး၍ လူမှုဝန်ထမ်းဦးစီး ဌာနတို့ ပူး​ပေါင်းကာ လူမှု​ရေးပင်စင်​ ထောက်ပံ့​ပေးခြင်းဆိုင်ရာ အသိပညာ​ပေး “Talk Show” ကို ယ​မန်နေ့ နံနက်(၁၀) နာရီအချိန်က ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 29,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် တောင်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြသည့် ကြက်သွန်၊ ငရုတ်၊ အာလူး၊ ခရမ်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ဆလပ်၊ မုန့်ညင်း၊ ဖရုံနှင့် ပဲအမျိုးမျိုးစသည့် ဆောင်းသီးနှံပင်များ အောင်မြင်ဖြစ်ထွန်းကြကာ ရောင်းချခြင်းဖြစ် မိသားစုအပိုဝင်ငွေရရှိ အဆင်ပြေနေကြကြောင်း သိရသည်။
Jan 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် အားကစားရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၈) နာရီက အဆိုပါ အားကစားရုံ အဆောက်အဦသစ်ရှေ့၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးအောင်အောင်နှင့် ဦးကိုကိုအောင်၊ တိုင်းဒေသကြီး အားကစားနှင်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ယင်းမာပင်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့် ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးဆန်းမြင့်တို့က ဖတ်ကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
Jan 29,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ အများပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေ ရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်း များကို ယမန်နေ့ နံနက်(၇)နာရီအချိန် က မော်ချီးကျေးရွာအုပ်စုတို့၌ လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။