အမြို့မြို့အနယ်နယ်သတင်းများ

Jan 30,2021
(၇၄)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာနှင့်ပုံပြော ပြိုင်ပွဲများကို Online မှတစ်ဆင့် ရိုက်ကူးထုတ် လွှင့်၍ မြဝတီမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Jan 30,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ အချိန် ခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jan 30,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံ၌ထိုးနှံပေးခဲ့သည်။
Jan 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးအား စိစစ်ရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က အမှတ် (၅)ရပ်ကွက်နှင့် အမှတ်(၁၅)ရပ်ကွက်တို့တွင် ကွင်းဆင်းစိစစ် ရွေးချယ်ခြင်းပြု လုပ်ခဲ့သည်။
Jan 30,2021
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပကြောင်းသိရသည်။
Jan 29,2021
မကွေးတိုင်းဒေသကြီး ငဖဲမြို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့်ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးတို့အတွက် ငဖဲမြို့ မြို့ပေါ်ရပ်ကွက်အားလုံးကို ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်၍ အသွားအလာတားမြစ် ကန့်သတ်နယ်မြေများ အဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။