အမြို့မြို့အနယ်နယ်သတင်းများ

Aug 10,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ " Reorientation Training For PHS2 Through Mobile Tablets " မြို့နယ်အဆင့် မွမ်းမံသင်တန်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ဆေးရုံသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းကစ၍ ပညာရေးဝန်ကြီးဌာန online website များတွင် ထုတ်ပြန်ကြေညာ‌ခဲ့သည်။
Aug 10,2020
၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ပညာရေး ဝန်ကြီးဌာန Website များမှ တစ်ဆင့် ယမန်နေ့ နံနက် ၁၂ ခွဲအချိန်တွင် ထုတ်ပြန်ကြေ ညာခဲ့ပြီး ယနေ့ နံနက်ပိုင်းမှစ၍ လက်ပံတန်းမြို့နယ်ရှိ စာစစ်ဌာနကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်ချုပ်ရေး စည်းကမ်းများနှင့်အညီ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဘုတ်ကပ်၍ ကြေငြာထားရှိခဲ့ ကြောင်း သိရသည်။
Aug 10,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကော့သောင်းမြို့မှ လွှဲပြောင်းပေးအပ်သည့် ပြည်ပမှ ပြန်လာသူ (၂၈) ဦးကို ကရသူရိမြို့ အမှတ် (၁) ရပ်ကွက်၊ ဓမ္မာရုံ Community Based Facility Quarantine တွင် (၂၁) ရက် စောင့်ကြည့်ထားလျက်ရှိကြောင်း သိရသည်။
Aug 10,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက Online မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ (၅၅၉) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
Aug 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ ဒုံဟီးမြို့နယ်ခွဲ ကျားဝယ်ကျေးရွာရှိ တောင်ယာ စပါးခင်းများတွင် အရွက်စားလောက်ကောင်ပိုးတစ်မျိုး ကျရောက်သဖြင့် ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ လုပ်ဆောင် ကာ ဆက်လက်ပြန့်ပွားမှုမရှိစေရေး စောင့်ကြည့်လျက်ရှိကြောင်း ဒုံဟီးမြို့နယ်ခွဲစိုက်ပျိုးရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးကျော်စိုး ၏ ပြောကြားချက်အရ သိရသည်။
Aug 10,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့အတွင်းရှိ ပြည်သူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးအတွက် စစ်တမ်းကောက်ယူခြင်းကို ယနေ့တွင် အမှတ် ၁ ရပ် ကွက်နှင့် အမှတ် ၂ ရပ်ကွက်တို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Aug 10,2020
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။