Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုက်ဒုံမြို့တွင် ဗေဒါလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Jan 26,2021
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဏာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၁၂.၈၀၀)ကျပ်သန်းဖြင့်ကျိုက်ဒုံမြို့ အမှတ်(၃)ရပ်ကွက်၊ ဗေဒါလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လမ်းပေအရှည် (၅၅၀)ပေ၊ အကျယ် (၁၂)ပေ၊ (၆)လက်မထု ရှိပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်းအင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့၌ ကျွဲ၊ နွား မေထုန်မဲ့ သားစပ်သင်တန်း ဖွင့်လှစ်ပို့ချ
Jan 26,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ကျွဲ၊ နွား မေထုန်မဲ့ သားစပ်သင်တန်းကို ယနေ့ နံနက် (၁၀)နာရီတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးသည်။
အပြည့်အစုံ ဖတ်ရန်
စက်မှုဥယျာဉ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးနှင့် တောင်သူများ တွေ့ဆုံဆွေးနွေး
Jan 26,2021
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စင်္ကာပူနိုင်ငံတို့ ပူးပေါင်း၍ လှည်းကူးမြို့နယ် ကျေးရွာအုပ်စုများ အတွင်းရှိ လယ်ယာမြေများပေါ်တွင် စက်မှုဥယျာဉ်စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးနှင့် တောင်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်က ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော်
Jan 26,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် မေတ္တာမြို့ပေါ်ရပ်ကွက်များ တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည(၇) နာရီအချိန်ခန့်က မေတ္တာမြို့နယ်မြေခံမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူးဦးသူရကျော် ဦးဆောင် သောအဖွဲ့က မီးသတ် မော်တော်ယာဉ်ဖြင့် မြို့ပေါ် ရပ်ကွက်များ သို့ လိုက်လံနှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ အမျိုးသမီးကော်မတီနှင့် ကျား/မဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း စကားဝိုင်းကျင်းပ
Jan 26,2021
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ အမျိုးသမီးကော်မတီနှင့် ကျား/မဆိုင်ရာ အသိပညာပေး ဆွေနွေးခြင်း စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က အမှတ်(၁၄) ရပ်ကွက်ရှိ ဓမ္မာရုံတွင် (Generation Tree) အဖွဲ့က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အလိုက် လူဦးရေစာရင်းများ လိုက်လံ ကောက်ယူ
Jan 26,2021
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ၂၀၂၀−၂၀၂၁ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု
Jan 26,2021
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် ၂၀၂၀−၂၀၂၁ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီခန့်က လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှုခဲ့ရာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၉) ရပ်ကွက်၊ (၁၁)ရပ်ကွက်၊ (၁၀)ရပ်ကွက်၊ (၁၂)ရပ်ကွက်၊ (၁၃)ရပ် ကွက်၊ (၁၄)ရပ်ကွက်၊ (၁၆)ရပ် ကွက်၊ (၁၈)ရပ်ကွက်၊ (၂၀)ရပ်ကွက်၊ အပြင်ပဒံကျေးရွာတို့တွင် Box Culvert များ နှင့် ကွန်ကရစ် လမ်းခင်း ဆောင်ရွက်ပြီးစီးသည့် လမ်းများအား ကွင်းဆင်းကြည့်ရှု စိစစ်မှုများ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ပဉ္စမအကြိမ် လည်ပတ်ရန်ပုံငွေထုတ်ချေးပေး
Jan 26,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သည့် ဆင်ကူးဝက်လှကျေးရွာအုပ်စု ကညင်တကိုင်း ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ပဉ္စမအကြိမ် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့ က အဆိုပါကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25342
Page
25343
Page
25344
Page
25345
Current page
25346
Page
25347
Page
25348
Page
25349
Page
25350
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department