အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာ ခြင်းကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရပ်ကွက်ကျေးရွာအတွင်းရှိ မီးသတ်ရေကန်များ ရေအသင့်ရှိစေရန် လိုက်လံစစ်ဆေးပြီး ရေဖြည့်သွင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 26,2021
ကျိုက်လတ်မြို့နယ်အတွင်းရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ၊ နည်းဥပဒေ ပြင်ဆင်သည့် ဥပဒေ ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေး အတွက် ၎င်းကြီးကြပ်ရေးတာဝန်ကို ထမ်းဆောင်ရန်ဆန္ဒရှိသော အများကြည်ညို လေးစားသည့် ရပ်မိရပ်ဖ(၅)ဦးအား ရွေးချယ်ရမည်ဖြစ်ပါ သည်။
Jan 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူတည်ဆောက် ထိန်းသိမ်းထားရှိသည့် မှော်ဟေဝန် ပန်းခြံကို ပြည်သူလူထုများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ ယာယီပိတ်ထားခဲ့ ကြောင်း သိရသည်။
Jan 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှ အိမ်ထောင်တစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းထောက်ပံ့ပေးအပ်ရာ မရရှိသေးသည့် ထပ်တိုးအိမ်ထောင်စုဝင်များထံ ပေးအပ်ခြင်းအား ယနေ့နံနက်(၁၁)နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီက ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
Jan 26,2021
တိရစ္ဆာန်မှ လူသို့ကူးစက်သော ရောဂါများအား ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဦးဆောင်ကာ ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းကို ယမန်နေ့က စတင်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Jan 26,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စဉ့်ကူတိုက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များသည် ပြည်သူ့အကျိုး ပြုလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က စဉ့်ကူတိုက်နယ်ဆေးရုံဝင်းအတွင်း ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင်ရွက်ကြောင်းသိရသည်။