အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2021
သီးနှံကာကွယ်ရေးဆိုင်ရာ Plantwise TOT သင်တန်းကို မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၏ အစီအစဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက Online Virtual စနစ်ဖြင့် ပြုလုပ် သည်။
Jan 26,2021
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ဟိုပန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ကာလ အတွင်း အွန်လိုင်းမှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းအစီအစီစဉ်ကို ယနေ့နံနက် (၁၀) နာရီ အချိန်တွင် လဟယ်မြို့ စာပေချစ်သူများအသင်းမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ​လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။
Jan 26,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဇလွန်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းတူး ဖော်ခြင်းလုပ်ငန်းများ အရည်အသွေး ပြည့်မီရေးကို မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်းနှင့်တာဝန်ခံအင်ဂျင်နီယာတို့မှ ယနေ့ နံနက် ၁၁ နာရီအချိန် ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
Jan 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်အထွက်ဂိတ်များတွင် စစ်ဆေးဆောင်ရွက် လျက်ရှိရာ မြို့အဝင်အထွက် ဂိတ်များမှ နေ့ညအချိန်မရွေး ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူ တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေး၊ မြို့တွင်းသို့ဝင်ရောက်မည့် မော်တော်ယာဉ်များပေါ်ပါ ခရီးသည်နှင့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအား နှာခေါင်းအာခေါင်တို့ဖတ် နမှုနာများအား ရယူ စစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
Jan 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည် ဖော်စီမံကြီးကြပ်ရေး ကော်မတီ အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
Jan 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ် ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချပြရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခိုယောင်းကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။