အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အ.ထ.က(ခွဲ) လော်ကော်ကျောင်းတွင် ပညာရေး ၀န်ကြီးဌာနမှ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၇၉) သိန်းကျော်ဖြင့် ဆရာ/မများနှင့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် ၀န်ထမ်းအိမ်ရာကို ဇန်နဝါရီလ (၂)ရက်နေ့ က စတင်ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 26,2021
သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို နိုင်ငံတော်မှ ပေးအပ်လျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ မြို့နယ်နေ့ ကလေးထိန်း ကျောင်းအုပ် ကြီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများမှ ယမန်နေ့က အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ လိုက်လံပေးအပ်ခဲ့ ကြောင်း သိရသည်။
Jan 26,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်၊ ပြည်သူ များ မိမိတို့နေအိမ် များနှင့် ဝေးကွာသော နေရာများတွင် သွားရောက်ဝယ်ယူခြင်း မပြုနိုင်စေရန်နှင့် ရပ်ကွက်အတွင်း၌သာ ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ် (စ) ရပ်ကွက်၊ သန္တာ(၄)လမ်းနှင့် (ဇ)ရပ်ကွက်ဣန္ဒာ (၄)လမ်းတွင် ယနေ့ နံနက် (၇) နာရီမှ (၉)နာရီထိ ဈေးကားများဖြင့် အသား၊ ငါးများ၊ ဟင်းသီး ဟင်းရွက် များ၊ ဆီ၊ ကြက်ဥနှင့် အခြား မီးဖိုချောင်သုံး ပစ္စည်းများကို Mobile Market စျေးရောင်းကား (၉)စီး ဖြင့်လည့်လည် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Jan 26,2021
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် မကူးစက်နိုင် သော ရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေးဘဏ် တွင် ပင်စင်လာရောက် ထုတ်ယူသူ သက်ကြီး ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းကို ယနေ့ နံနက်(၉)နာရီက မြန်မာ့စီးပွားရေးဘဏ် (အင်းစိန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဆီဆုံ‌ ကျေးရွာတွင် စိုက်ဧက (၂၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုကို ယနေ့နံနက် (၈) နာရီက ရွှေဘို ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိ သူများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း ရေဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ သိရသည်။
Jan 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်‌‌နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jan 26,2021
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် မြို့နယ်၏သာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပပြုလုပ် နိုင်မည့်(၄) ထပ်​ဆောင် သာသနာ့ဗိမာန်​တော်ကြီးကို တည်​ဆောက်​ရေးလုပ်ငန်း စတင်​ဆောင်ရွက်​တော့ မည်ဖြစ်ရာဆောက်လုပ်မည့် သံဖြူဇရပ်မြို့ ​ဖောင်စိန်တိုးချဲ့ရပ်ကွက်မြေ​နေရာနှစ်ဧကတွင် ခြုံနွယ်များ ရှင်းလင်းခြင်းစု​ပေါင်းလုပ်အား​ပေး​ဆောင်ရွက်မှုကို ယ​နေ့နံနက် ၈ နာရီအချိန်မှစတင်​ ဆောင်ရွက်​ ကြောင်းသိရသည်။