Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြည်သူမှပြည်သူသို့ မျှဝေခြင်းအစီအစဉ်ဖြင့် ဒလမြို့နယ်ရှိ အိမ်ထောင်စု ၃၀၀ ကို အခြေခံစားသောက်ကုန်များ လှူဒါန်း
Jan 25,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား ပြည်သူများအနေဖြင့် အခက်အခဲများ ကြုံတွေ့လျက်ရှိရာ စားသောက်ရေးအခက်အခဲရှိသော အိမ်ထောင်စုများအား ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း အစီအစဉ်ဖြင့် We Love Yangon အဖွဲ့မှ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အခြေခံ စားသောက်ကုန်များကို ထောက်ပံ့ပေးလျက်ရှိရာ ယနေ့ မွန်းတည့် ၁၂ နာရီက အခြေခံအိမ်ထောင်စု ၃၀၀ အတွက် စားသောက်ကုန်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်း ကောက်ယူမည်
Jan 25,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးရရှိလာပါက ဒေသခံပြည်သူများအား ကာကွယ်ဆေးအသင့် ထိုးနှံနိုင်ရန်အတွက် လူဦးရေစာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ် သစ်ချောက်ခင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း၊ တံတား ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး
Jan 25,2021
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် ကုန်ထုတ် လမ်းနှင့် ကုန်ထုတ်လမ်းပေါ်ရှိတံတား လုပ်ငန်းဆောင်ရွက်မည့် မြေပြင် အခြေအနေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့ နံနက်(၁၀)နာရီ၌ ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Jan 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့ရှိ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု သုံးအုပ်စုရှိ ပုံမှန်ဝင် ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးမှ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်း…
Jan 25,2021
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးမှ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်း ပေးအပ်လှူဒါန်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ် သပြေတောင်ကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲ ကျင်းပပြုလုပ်
Jan 25,2021
ပေါက်ခေါင်းမြို့နယ် သပြေတောင်ကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP)၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ၊ ကျေးရွာလူထု ထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့သော လျှပ်စစ်မီး ဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီ အချိန်က သပြေတောင်ကျေးရွာ လျှပ်စစ်ထရန် စဖော်မာရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက်နှာခေါင်းစည်း Mask များစနစ်တကျတပ်ဆင်စေရေးလိုက်လံစစ်ဆေး
Jan 25,2021
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများနေ အိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း Mask များမဖြစ်မနေတပ်ဆင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပြန်ကြားရေးနှင့်လှုံ့ဆော်ရေးဆပ်ကော်မတီမှ တာဝန်ရှိ သူများမှ ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးကြီး၊ ဆိပ်ကမ်းသာဈေး၊ အောင်သာယာဈေး၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက်နှင့် မြို့တွင်းလမ်းတစ်လျှောက် လူစည်ကားရာနေရာများတွင် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက် သည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့တွင် နွေရာသီ ရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 25,2021
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် နွေရာသီ ရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25362
Page
25363
Page
25364
Page
25365
Current page
25366
Page
25367
Page
25368
Page
25369
Page
25370
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department