Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး
Jan 26,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လာမည့်အစိုးရသက်တမ်းအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် ပြည်သူများအား အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များ ချပြရှင်းလင်း ဆွေးနွေး အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်၊ အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်
Jan 26,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာနေ ပြည်သူများသွာလာရေး၊ စားဝတ်နေရေး အဆင်ပြေစေရန်နှင့် လယ်မြေဧက (၅၀၀) မှ ထွက်ရှိလာသည့် သီးနှံများအား သယ်ယူပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့၌ အလျား ၄၀၀၀ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁ပေ ၆လက်မရှိ ကုန်ထုတ်လမ်းကိုဖောက်လုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနိုင်ရန်အတွက် လူဦးရေစာရင်း ကောက်ယူသွားမည်
Jan 26,2021
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနိုင်ရန်အတွက် လူဦးရေစာရင်း လိုက်လံ ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Jan 26,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း လက်ရှိတာဝန် ထမ်းဆောင်လျက် ရှိသော ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ ၁ ရက် နေ့မှစ၍ တာဝန်ထမ်း ဆောင်နိုင်ရေးအတွက် ရွေးချယ်တာဝန် ပေးနိုင်ရန် ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်က ရေကာကျေးရွာ ဘုရားဝန်း အတွင်းရှိ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့တွင် နယ်မြေအေးချမ်းသာယာရေးအတွက် မြို့အဝင်အထွက် လုံခြုံရေးကြပ်မတ် ဆောင်ရွက်
Jan 26,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း မော်တော်ယာဉ်စစ်ဆေးမှု လုပ်ငန်းများကို ယမန်နေ့ ညနေ ၆ နာရီခွဲ အချိန်မှစ၍ ရန်ကုန်-ပြည်လမ်း မန္တလေးကျောင်းတိုက် ရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက်
Jan 26,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် Online Training သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က လုပ်အားကြေးမုံခန်းမ၌ ပို့ချပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်ခရိုင်အတွင်းရှိ မြို့များ၌နွေရာသီတွင် သောက်သုံးရေရှားပါးမှု ဖြေရှင်းဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Jan 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိမြို့များ၌ နွေရာသီတွင် သောက်သုံးရေ ရှားပါးမှု ဖြေရှင်းဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်
Jan 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ရာတွင် မရရှိသေးသည့် ထပ်တိုးအိမ်ထောင်စုများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုများမှ ကြီးကြပ်မည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25360
Page
25361
Page
25362
Page
25363
Current page
25364
Page
25365
Page
25366
Page
25367
Page
25368
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department