Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှမ်းရွာသစ်မြို့၌ မဲသမူးကျေးရွာအုပ်စု ထီတပလူးထကျေးရွာတွင် RC(၁)ထပ် Steel Structure အမျိုးအစား ကျောင်းဆောင်သစ်တည်ဆောက်လျက်ရှိ
Jan 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ ပညာရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဂျပန်နိုင်ငံ ADRAအဖွဲ့၏ လှူဒါန်းမှုဖြင့် ဆောက်လုပ်ခဲ့သည့် RC(၁)ထပ် Steel Structure အမျိုးအစား ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းကို ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု ထီးတပလူးထကျေးရွာတွင် ဇန်နဝါရီလ ပထမပတ်က စတင်အကောင ်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့တွင် အာမခံအလုပ်သမားတစ်ဦး အလုပ်တွင်ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် သိန်း ၉၀ ထုတ်ပေး
Jan 23,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ မြို့နယ်လူမှုဖူလုံရေးရုံးခွဲ၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် မင်းဘူးသစ်ထုတ်လုပ်ရေးဒေသမှ အာမခံအလုပ်သမားတစ်ဦး အလုပ်တွင် ထိခိုက်သေဆုံးမှုကြောင့် မြို့နယ်လူမှုဖူလုံရေးရုံးခွဲက ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်သိန်း ၉၀ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘူးမြို့သစ်ထုတ်လုပ်ရေး ဒေသရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနက ဒေသခံပြည်သူများကို လည်ဆစ်ရိုးကျီးပေါင်း ရောဂါ အကြောင်း အသိပညာ ပေးခြင်းနှင့် ဆေးဝါးကုသခြင်းများ ဆောင်ရွက်
Jan 23,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သက်ရှည် ကျန်းမာစွာ နေထိုင်သွားနိုင်ရန်နှင့် ကျန်းမာရေးအသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ဇန်နဝါရီ ၂၂ ရက် ၊ နံနက်ပိုင်းက မြို့နယ်ရုံးအစည်းအဝေးခန်းမတွင် ဒေသခံပြည်သူများအား လည်ဆစ် ရိုးကျီးပေါင်းရောဂါအကြောင်း အသိပညာပေး ဆွေးနွေး ဟောပြောခြင်းနှင့် အခမဲ့ ဆေးဝါးကုသခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရက်သတ္တပတ်(၂)ပတ်ကြာ ယာယီပိတ်သိမ်းထားသော မြို့မစည်ပင်သာယာဈေးကြီးတွင် စားသောက်ကုန်နှင့် ဆေးဝါးအရောင်းဆိုင်များပြန်လည်ဖွင့်လှစ် မုဒိတာလူမှုရေးအသင်းမှ Mask Campaig…
Jan 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ရက်သတ္တ(၂)ပတ်ကြာ ယာယီပိတ်သိမ်း ထားသည့် မြို့မစည်ပင်သာယာဈေးကြီးတွင် စားသောက်ကုန်နှင့် ဆေးဝါး အရောင်းဆိုင်ခန်းများနှင့် အနီးဝန်းကျင်ရှိလမ်းများမှ ဈေးဆိုင်များအား ဇန်နဝါရီ(၂၃)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပေးခဲ့ကြောင်းသိရပြီး အဆိုပါဈေးစတင် ဖွင့်လှစ်သည့်နေ့မှာပင် လွတ်လပ်ရေးရပ်ကွက် မုဒိတာလူမှုရေးအသင်းက Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့သို့ လုပ်ငန်းသုံးပစ္စည်းနှင့်ထောက်ပံ့ငွေများလှူဒါန်း
Jan 23,2021
ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့သို့ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ငန်းသုံး ပစ္စည်းနှင့်ထောက်ပံ့ငွေများအား MARITIME CENTRE CO.LTD နှင့်OK Gass မိသားစုတို့က ယနေ့မွန်းလွဲပိုင်းက ကော့သောင်းခရိုင်မီးသတ်ဦးစီးဌာနသို့ လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့တွင် မိုးလုံလေလုံ အားကစားခန်းမနှင့် အားကစားကွင်းအား ကရင်ပြည်နယ် အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမင်းကိုခို…
Jan 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ရှိ မိုးလုံလေလုံအားကစားခန်းမနှင့်အား ကစားကွင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ် ဝန်ကြီးဦးမင်းကိုခိုင်၊ ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ သံတောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စောဗစ်တာ ခလိုက်၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူးဦးဟန်ထူးဇန်တို့က ယမန်နေ့ နံနက်(၁၁)နာရီ အချိန်ခန့်တွင် သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက် အထက ကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမနှင့် အမှတ်(၄)ရပ်ကွက်ရှိ အားကစားကွင်းတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါးများ ရောင်းချမှု ရှိ/မရှိလိုက်လံစစ်ဆေး
Jan 23,2021
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါးများ ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်…
Jan 23,2021
ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP) ဆောင်ရွက်မည့် စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရဲဒိကျေးရွာ ဘက်စုံသုံး ခန်းမ၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25384
Page
25385
Page
25386
Page
25387
Current page
25388
Page
25389
Page
25390
Page
25391
Page
25392
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department