Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကသာမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ သွားရောက် ထောက်ပံ့ပေးအပ်
Jan 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် ကသာမြို့၊ ပတ္တမြားရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ဇန်နဝါရီလ(၂၂)ရက်နေ့က လူမှုရေးပင်စင်များကို ၎င်းတို့၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒန့်သလွန်သီးဈေးကောင်းရသဖြင့် ဒန့်သလွန်ပင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနိုင်
Jan 23,2021
ဒန့်သလွန်ပင်သည် ရေဝပ်သောမြေနေရာများကို ကြိုက်နှစ်သက်ခြင်းမရှိသော်လည်း ကုန်းမြေများ တွင် အလွယ်တကူစိုက်ပျိုးနိုင်ပြီး ရှင်သန်ကြီးထွားမှုရှိကြောင်း သိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒန့်သလွန်သီး တစ်တောင့်လျင် နှစ်ရာကျပ် ရရှိပြီးဈေးကောင်းသဖြင့် မိမိအိမ်ခြံဝန်းအတွင်းမှာပင် စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနိုင်သဖြင့် စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာခရိုင်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး…
Jan 23,2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက် ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေရှိရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်က ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jan 23,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် မီးခိုးမြူငွေ့ကင်းရှင်းရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ယမန်နေ့တွင် ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ ကွင်းဆင်း၍ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်တွင် အခြေခံ ဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jan 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဘုတလက်တန်းကျေးရွာအုပ်စု၊ ဘုတလက်တန်း ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဖြစ် အခြေခံဒီဇယ် အင်ဂျင်စက်ပြင်သင်တန်းကို ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နေ့လယ် ၂ နာရီ ၃၀ အချိန်က သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု (နောက်တိုး) ၆၇၉၉ စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀,၀၀၀ နှုန်းစီ ထောက်ပံ့
Jan 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု(နောက်တိုး)၆၇၉၉ စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်ငါးလုပ်ငန်းစခန်းမှ ဆည်ရေလှောင်တမံများအတွင်းသို့ ငါးသားပေါက်မျိုး စိုက်ထည့်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ သဘာဝရေပြင်နှင့် ဆည်ရေလှောင်တမံများတွင် ငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးသယံဇာတ ပေါကြွယ်ဝစေရန်အတွက် ငါးသားပေါက် မျိုးစိုက်ထည့်ခြင်း လုပ်ငန်းများ ကိုအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကတွင် ဆည်ရေလှောင် တမံများအတွင်းသို့ ငါးသားပေါက်မျိုးစိုက်ထည့်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာ ထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် သ/မ ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကကတစ်ငါးများကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေး
Jan 23,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သမဝါယမဦးစီးဌာနမှဦးစီးပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမအသင်းစုတို့ ပူးပေါင်း၍ လက်ရှိ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ သက်သာချောင်ချိစေရေးနှင့် ပြည်တွင်းငါးစားသုံးမှုမြင့်တက်လာစေရေးအတွက် ငါးများကို ပြင်ပငါးဈေးထက်ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၇ နာရီအချိန်ကစပြီး ချောင်းငယ်ရပ်ကွက် ဈေးလမ်းအတွင်း အောင်မင်္ဂလာဈေး(၂)အနီးရှိ အားမာန်သစ် သမအသင်းဆိုင်အရှေ့တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25385
Page
25386
Page
25387
Page
25388
Current page
25389
Page
25390
Page
25391
Page
25392
Page
25393
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department