Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့ကရိတ်မြို့ ကော့ပလိုင်ကျေးရွာတွင် မူလတန်းကျောင်းဆောင်သစ်တိုးချဲ့ တည်ဆောက်
Jan 22,2021
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကော့ဘိန်း ကျေးရွာအုပ်စု ကော့ပလိုင် ကျေးရွာတွင် မူလတန်း စာသင်ကျောင်း တိုးချဲ့ ဆောင်သစ် (အလျား ၄၀ ပေ ၊ အနံ ၃၀ပေ ၊ အမြင့် ၁၂ပေ) ရှိသောစီမံကိန်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေကျပ် သိန်း (၂၄၀) ဖြင့် ယခုနှစ် ယမန်နေ့က ကျေးရွာ လူထုများ ၏ ပူးပေါင်းပါဝင်မှုဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်၌ သောက်သုံးရေဖူလုံစွာ ရရှိရေးစက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jan 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကအိုင်သပြု ကျေးရွာအုပ်စု သခင်ဖိုးလှကြီးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် သောက်သုံးရေဖူလုံစွာရရှိရေးစက်ရေတွင်းတူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်မြို့နယ်တွင် မြေပဲစိုက်တောင်သူများအား (Farmer to Farmer) လေ့လာရေး ကွင်းသရုပ်ပြပွဲကျင်းပ
Jan 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပြန့်ပွားရေး စင်တာ နယ်မြေအတွင်းရှိ နန့်ခင့်ကျေးရွာအုပ်စု၊ နန့်ခင့်ကျေးရွာ တောင်သူ ဦးသာဒွန်း၊ ကွင်းအမှတ် (၁၀၃၄) တွင် စိုက်ပျိုးထားသော ဆောင်းမြေပဲ ဆင်းပဒေသာ (၁၁) စိုက်ခင်းတွင် မော်တိတ်ကျေးရွာအုပ်စုမှ မြေပဲစိုက်တောင်သူများနှင့် နန့်ခင့်ကျေးရွာအုပ်စုရှိ မြေပဲစိုက်တောင်သူများအား (Farmer to Farmer) လေ့လာရေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၈) နာရီခွဲအချိန်ခန့်က ကျင်းပ ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေ (ပထမ) အကြိမ် လုပ်ငန်းများ ရန်ပုံငွေပေးအပ်
Jan 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး ရန်ပုံငွေ(ပထမ)အကြိမ်ဖြင့် ဆောင်ရွက်လုပ်ကိုင်ခွင့်ရရှိသော လုပ်ငန်းများအား ပထမအရစ် ရန်ပုံငွေပေး အပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၁)ရက်နေ့ ယမန်နေ့က ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့တွင်းလျှပ်စစ်မီး ဓါတ်အားလိုင်း ကြိုးများ အဆင့်မြှင့်တင် ဆောင်ရွက်
Jan 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုအုပ်ချုပ်ခွင်ရဒေသ၊ လဟယ်မြို့တွင် မြို့တွင်းလျှပ်စစ်မီး ဓါတ်အားလိုင်း (၄၀၀) ဗို့အားလိုင်း မီးကြိုး (၁) မိုင် လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းကို လဟယ်မြို့နယ် လျှပ်စစ်ဌာနမှ တာ၀န်ယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမောက်မြို့ စိန်ပန်းလမ်းနှင့် ပ္ပိုင့်လမ်းဆုံ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး
Jan 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးမှကော်မတီမှ တင်ဒါအောင်မြင်သော ကုမ္ပဏီက ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း မြို့မရပ်ကွက်အတွင်းရှိ စိန်ပန်းလမ်းမနှင့် ပ္ပိုင့်လမ်းဆုံကွန်ကရစ်လမ်း ခင်းခြင်းလုင်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေး ကြီးကြပ် ရေး အဖွဲ့ခေါင်းဆောင် ဌာနဆိုင်ရာများ တွေ့…
Jan 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်အပ်နှိုင်ရေးအတွက်၊ ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကို၊ ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲက မြို့နယ်ထွေအုပ်ရုံး စကားဝါမြေခန်းမတွင်ပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မှတ်ပုံတင်ထားသည့် အလုပ်သမား (၂၀၁၅) ဦးအား လူမှုဖူလှုံရေး ထောက်ပံငွေ ကျပ်သိန်း (၁) ထောင်ကျော် ပေးအပ်နိုင်ခဲ့
Jan 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မှတ်ပုံတင်ထားသည့် အလုပ်သမား (၂၀၁၅) ဦးအား လူမှုဖူလှုံရေး ထောက်ပံငွေ ကျပ်သိန်း(၁)ထောင်ကျော် ပေးအပ်နိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ် လူမှုဖူလုံရေးရုံးခွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25397
Page
25398
Page
25399
Page
25400
Current page
25401
Page
25402
Page
25403
Page
25404
Page
25405
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department