အမြို့မြို့အနယ်နယ်သတင်းများ

Jan 22,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန် ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဦးနောက် ကျေးရွာအုပ်စု၊ မြောင်းကြီးကျေးရွာ၌ မြေသားရေကန် တူး​ဖော်​ဆောင်ရွက်နေမှုအား ထီးလင်း မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိ သူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Jan 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများက ကျေးရွာ အုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Jan 22,2021
ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ စုပေါင်းကာ ယနေ့နံနက်ပိုင်း က ကော့သောင်းမြို့ ၊ သီရိမြိုင်ရပ်ကွက်၊ မြို့ဦးစေတီတော်ဘုရားပရဝုဒ်နှင့် ရင်ပြင်တော်အတွင်း သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ဒါန ပြုခဲ့ကြကြောင်းသိရသည်။
Jan 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးအတွက် သတိပြုလိုက်နာရမည့် စည်းကမ်းချက်များအား အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းသို့ မီးသတ်ယာဉ်များ ဖြင့် သတ်မှတ်ရက်အတိုင်း လှည့်လည်ဆောင်ရွက်လျက်ရှိ ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
Jan 22,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန် အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် အမှတ်(၄) ရပ်ကွက်နှင့် အမှတ်(၇) မဟာဗန္ဓုလလမ်း ဘက်(စ်) ကားမှတ်တိုင်များတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုပြင်ပြောင်းလဲ ဆက်သွယ်ပညာ ပေး လူထု လှုပ်ရှားမှု (Mask& Face Shield Yellow Campaign) ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jan 22,2021
တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေး အန္တရာယ် လျော့နည်း စေရန်ရည်ရွယ်ပြီးမီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ လောင်းလုံး မြို့နယ်၊နခံတောကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 22,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမ(၃)လပတ် လူမှုရေးပင်စင်များကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ခဲ့သည်။