အမြို့မြို့အနယ်နယ်သတင်းများ

Jan 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမ-ဆင်မြီးဆွဲလမ်း အဆင့်မြှင့်တင်ရေး အတွက် လမ်းနယ် ပေ ၃၀ ရရှိရေးကို ယမန်နေ့က တာဝန်ရှိသူ များ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jan 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများ ဖြစ်သည့်အင်ပင်လှကျေးရွာမှ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့ များသည် ယမန်နေ့က Mask Campaign နှင့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jan 22,2021
ရန်ကုန်အနောက်ပိုင်း  ခရိုင် ၊ ဒဂုံ မြို့နယ် အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ရပ်ကွက်(သို့) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှုးများအား ရွေးချယ် တင်မြှောက်နိုင်ရေး အတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
Jan 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ Coronavirus Disease 2019 (ကိုဗစ်-၁၉) အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှု တားဆီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 22,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း များအား သက်ဆိုင်ရာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ၊လမ်းကော်မတီများနှင့် ညှိနှိုင်း ပေါင်းစပ် အစည်း အဝေးကို ယမန်နေ့ နေ့လယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Jan 22,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့ဝင်များက မြို့မရပ်ကွက်၊မင်းရပ်ရပ်ကွက်၊ကျွန်းကလေးကျေးရွာအုပ်စု သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
Jan 22,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား  လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် အသက်(၁၀၀) နှစ်နှင့် အထက်သက်ကြီးရွယ်အိုများအား ထပ်ဆောင်းထောက်ပံ့ငွေ ထောက်ပံ့ခြင်းကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ  တာဝန်ရှိသူများက ယနေ့နံနက်မှ စတင်၍ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။