Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်အဖြစ် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jan 22,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ရပ်ကွက် (၁) အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ညနေပိုင်းက အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂျပန်နိုင်ငံ နီဗွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့၏ EPD စီမံကိန်းမှ ကူညီပံ့ပိုးမှုဖြင့် ဆောက်လုပ်ခဲ့သည့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jan 22,2021
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် မြေခြား(မြောက်) အခြေခံမူလတန်းကျောင်း၌ ဂျပန်နိုင်ငံ နီဗွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့၏ EPD စီမံကိန်းမှ ကူညီပံ့ပိုးမှုဖြင့် ဆောက်လုပ်ခဲ့သည့် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jan 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၁၀၀)နှစ် အထက်၊ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လယ်မြေဧက ၃၀၀၀ ကျော် အကျိုးပြုစေမည့် ကျေးရွာချင်းဆက်လမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု တာဝန်ရ…
Jan 22,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လယ်မြေဧက ၃၀၀၀ ကျော် အကျိုးပြုစေနိုင်မည့် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး လက်တံ(၁၄) မြောင်းဘောင်လမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့တွင် အီးအမ်(EM)ဘိုကာရှီ မြေဆွေးပြုလုပ်နည်း တောင်သူပညာပေးသရုပ်ပြဆောင်ရွက်
Jan 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ အီးအမ်(EM) ဘိုကာရှီမြေဆွေးပုံ ပြုလုပ်သုံးစွဲနည်းတောင်သူ ပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က နမ့်မော်ဆွမ့် ကျေးရွာနေတောင်သူ စိုင်းလမ်၏ခြံဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်၌ နေရပ်ပြန်ပြည်သူ(၄၅)ဦးအား Rapid Test Kit ဖြင့်စစ်ဆေး
Jan 22,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြပ်၍ သီးခြားထားရှိပြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်က Rapid Test Kit စနစ်ဖြင့် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်အတွင်း အသက် (၈၅) နှစ်အထက် အဘိုးအဘွား (၁၂၄၅) ဦးနှင့် အသက် (၁၀၀) နှစ်အထက် အဘိုးအဘွား (၄၀) ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Jan 22,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု (၄၄) အုပ်စုရှိ အသက် (၈၅) နှစ် အထက် အဘိုးအဘွား (၁၂၀၅) ဦးနှင့် အသက် (၁၀၀) နှစ်အထက် အဘိုးအဘွား (၄၀) ဦး စုစုပေါင်း (၁၂၄၅) ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အဘိုးအဘွားများ၏ လက်ဝယ်သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အဘိုးအဘွားများ ၏အိမ်အထိ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်မြို့နယ်မှ Cash for Work၊ VRFP နှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာများ၌ ငွေစာရင်း လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေး…
Jan 22,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးပြန်လည်ကုစားမှု(CERP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Cash for Work နှင့် ကျေးရွာမတည်ရန်ပုံငွေ(VRFP) စီမံကိန်းကျေးရွာများအပြင် မြစိမ်းရောင် စီမံကိန်းကျေးရွာများ၌ ငွေစာရင်း လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာမှု ရှိ/မရှိကို ဖားကန့်မြို့နယ်စာရင်းစစ်မှူး ဦးဖီးလီမွန်နှင့်အဖွဲ့က ဇန်နဝါရီ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့အထိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25402
Page
25403
Page
25404
Page
25405
Current page
25406
Page
25407
Page
25408
Page
25409
Page
25410
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department