Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တနင်္သာရီမြို့နယ် သာရဘွင်ကျေးရွာအတွင်းမီးဘေးအန္တရာယ်မဖြစ်ပွါးစေရေး အသံချဲ့စက်ဖြင့်အသိပေးလှုံ့ဆော်
Jan 21,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သာရဘွင်ကျေးရွာအုပ်စု-သာရဘွင်ကျေးရွာအတွင်း မီးဘေး အန္တရာယ် မဖြစ်ပွါးရေး၊ မီးဘေးအန္တရာယ်ကြောင့် မိဘပြည်သူများ၏အသက်အိုးအိမ် စည်းစိမ်များမပျက်စီး မဆုံးစေရေးအတွက် တကူကျေးရွာအုပ်စု၊ တကူနယ်မြေမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးဖြိုးဝေဝင်းမှဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ၂၀ ရက်နေ့ ညနာရီအချိန်မှ စ၍ မီးသတိ/ မီး အသိရှိကြစေရန် မီးသတ် မော်တော်ယာဉ်နှင့်အသံချဲ့စက်ဖြင့် ရွာတွင်းလမ်းများအတိုင်း အသိပေး လှုံ့ဆော်ပေးကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်၊ နမ့်တောင်ကုန်း-လွယ်ဝိန်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jan 21,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နမ္မတူမြို့နယ်၊ နမ့်တောင်ကုန်း-လွယ်ဝိန်းလမ်း ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်
Jan 21,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေး အသိညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၈ နာရီက မြို့ပေါ်ရပ်ကွက် များတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲခြင်းနှင့် စံပြဆုရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Jan 21,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲနှင့် စီမံကိန်းကျေးရွာ စံပြဆုရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် အမှိုက်ကင်းစင်စံပြကျေးရွာ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာအမှိုက်ကင်းစင်ရေး ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်ဆောင်ရွက်
Jan 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နန်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၁၀)နာရီအချိန် က အမှိုက်ကင်းစင်စံပြကျေးရွာ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာအမှိုက်ကင်းစင်ရေး ကော်မတီဖွဲ့စည်းခြင်းကို မိုးတေကျေးရွာအုပ်စု၊ မိုးတေကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌စာဖတ်ဝိုင်းကျင်းပ
Jan 21,2021
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင်ယနေ့မွန်းလွဲ (၂)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း Book Club တို့ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ ပြောတတ်ဆိုတတ် ပေါင်းသင်း တတ်တဲ့သူ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်၊ ပြည်သူ့ဆေးရုံအတွက် နှလုံးနှိုးစက်နှင့် မွေးကင်းစကလေး အနွေးပေးစက်ဝယ်ယူရန် အလှူငွေများလှူဒါန်း
Jan 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် နှလုံးနှိုးစက်နှင့် မွေးကင်းစကလေး အနွေးပေးစက် ၁ စုံစီ ဝယ်ယူရန်အတွက် ဒေသခံ အလှူရှင်များက အလှူငွေများကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပေးအပ်လှူဒါန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် ကျောက်မဲခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မိုးထွန်း တို့က လက်ခံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Jan 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25409
Page
25410
Page
25411
Page
25412
Current page
25413
Page
25414
Page
25415
Page
25416
Page
25417
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department