Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးကုတ်မြို့နယ် ထင်းရှူးတောင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ
Jan 21,2021
မိုးကုတ်မြို့နယ် ထင်းရှူးတောင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန် က ကျင်းပခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ စားလှယ်ဦး စောသောင်းတင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး၊ မြို့နယ်ဆေးရုံအုပ် ဒေါက်တာဇော်မင်းသိုက် တို့နှင့် ဌာနဆိုင်ရာအကြီးအကဲတို့မှ တက်ရောက်ကာဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်း
Jan 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်
Jan 21,2021
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံ သား နေရပ်ပြန်ပြည်သူ(၈)ဉီးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် ယနေ့၊ နံနက်(၁၁)နာရီ အချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ပဉ္စမအကြိမ် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေး
Jan 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၄၅၀)ကို ယမန်နေ့က ရေပူကြီးကျေးရွာအုပ်စုရေပူကြီးကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jan 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခြင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ တွင် ထောက်ပံ့ပေးအပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့ ဝမ်ပုံကျေးရွာအုပ်စုတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပြန်လည်ရွေးချယ် ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်…
Jan 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စုတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ် ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေး အဖွဲ့ (၅)ဦး ရွေးချယ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ ကျေးရွာ (၁၃) ရွာမှ ပြည်သူ (၇၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအတွင်း ငါးနှစ်တာကာလတွင် မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၃၇၀၀ ကျော် ဆုံးရှုံးခဲ့
Jan 21,2021
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၆ခုနှစ်မှ ၂၀၂၀ခုနှစ်အထိ ငါးနှစ်တာကာလတွင် မီးလောင်မှု ၁၂၀၃ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၃၇၂၉.၇၄၅သန်း ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် စွန်ကြိုးလည်ပင်းရစ်ပတ်၍ သေဆုံးခဲ့သူ၏ မိသားစုအား ထောက်ပံ့ကြေးငွေများပေးအပ်
Jan 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဘူတာရပ်ကွက် အောင်စိုးမိုးကားဂိတ် အနီး ရန်ကုန်-ပြည်လမ်းပေါ် တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦးအား စွန်လွှတ်ရာ တွင် အသုံးပြုသော မှန်စာအပ်ချည် ကြိုး လည်ပင်းရစ်ပတ်ရာမှ သေဆုံးမှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25413
Page
25414
Page
25415
Page
25416
Current page
25417
Page
25418
Page
25419
Page
25420
Page
25421
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department