အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2021
          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ညောင်ပင်သာ-အင်းကုန်းကျေးရွာချင်းဆက် လမ်းအား ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ လမ်းဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
Jan 19,2021
ပုဇွန်တောင် မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မဟာဗန္ဓုလတံတား အဆင်းတွင် ယနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က ယာဉ်ကိုးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jan 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က လောင်းလုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌန၊ ဗထူးခန်းမ၌ ကျင်းပသည်။
Jan 19,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀) အထက် လုပ်ငန်းများအတွက် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္မဏီအမည်စာရင်း အတည်ပြု သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။
Jan 19,2021
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေ ဦးစီးဌာနနှင့်မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး (Talk Show) ကို ယနေ့ မွန်းလွဲ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ မီးတိုင်တောကျေးရွာအုပ်စု ရေအိုးစဉ် ကျေးရွာနှင့် မီးတိုင်တောကျေးရွာ ချင်းဆက် ကိုယ်ထူကိုယ်ထ မြေသားလမ်းချဲ့ထွင် မြေညှိပြီးစီးခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်(၁)နာရီအချိန်က အဆိုပါလမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 19,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုမရှိစေရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့် ဂေဟာစနစ်များကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း၊ ကာကွယ်၊ တားဆီးရေး ကော်မတီဖွဲ့စည်းပြီး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်နိုင်ရန်အတွက် ချပြရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။