အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စီပင်ကလေးကျေးရွာ မိုင်(၂၀)တွင် မြစိမ်းရောင်အတိုးရငွေဖြင့် ကျေးရွာလမ်းကွန် ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်းသိရသည်။
Jan 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ အသက်အိုးအိမ်များ ပျက်စီးမှုမရှိစေရေးအတွက် ယမန်နေ့ညပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး စည်းကမ်းချက်များနှင့် ဆောင်ရွက်ရန် အချက်များအား လိုက်လံနှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။
Jan 19,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ ကျက်သရေဆောင် မြို့လယ်ဓမ္မာရုံသစ်ကြီးကို မြန်မာမှု လက်ရာများဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။
Jan 19,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ရေရှားပါးသည့် ကျေးရွာ(၅)ရွာသို့ ရေပေးနိုင်ရေး အတွက် ရေဆို့လုံလောက်စွာရရှိရေး ရေ Level တိုင်းခြင်းလုပ်ငန်းကို ယမန်နေ့က ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့် ခရိုင်/ မြို့နယ် (ကျေး/လက်) အင်ဂျင်နီယာဝန်ထမ်းများမှ မုရစ်ကလေးကျေးရွာတွင်ကွင်းဆင်း ဆောင်ရွက်ခဲ့ သည်။
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာ ခြင်းကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်း များ လှည့်လည်အသိပညာပေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ် နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာ ဝန် ပေးအပ်ခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
Jan 19,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဉတ္တရခရိုင်ရုံးမှ ဉတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့စွာ လည်ပတ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီက ရွှေနံသာရပ်ကွက်ရှိ “ရွှေနံ့သာ” စာကြည့်တိုက်အတွင်း၌ စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ၍ စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆွေးနွေးပွဲကျင်းပခဲ့သည်။
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်ရှိ စာသင် ကျောင်းများ၊ ဓမ္မာရုံများနှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးအဆင့်ဆင့် ရွေးချယ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို ပြည်သူများ သိရှိစေရန် ကွင်းဆင်းရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။