Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဝမ်းတွင်းမြို့နယ်တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် စွမ်းဆောင်ရည်ဆုရရှိသော ဌာနဆိုင်ရာများအား ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာပေးအပ်
Jan 18,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များမှ ပူးပေါင်း ဆောင်ရွက်မှုနှင့် စွမ်းဆောင်ရည်ဆုရရှိသော ဌာနဆိုင်ရာများအား ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးမောက်မြို့နယ် ကျခန်းဒပ်ကျေးရွာ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်
Jan 18,2021
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်အတွင်း လက်ရှိတာဝန်ထမ်းဆောင် လျှက်ရှိသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ (၁)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက်ရွေးချယ်ခန့်အပ် ပေးနိုင်ရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်(၁၀)နာရီ ခန့်တွင် ကျခန်းဒပ်ကျေးရွာ နှစ်ခြင်းဘုရားကျောင်း ဓမ္မာရုံ၌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးခိုင်မင်းကိုနှင့် တာဝန်ကျကြီးကြပ်အဖွဲ့တို့က အသိပညာပေး ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်းသိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တောင်သူများ တင်ပြလာသည့် လယ်ယာမြေများအား မြေပြင် ကွင်းဆင်းစစ်ဆေး
Jan 18,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ မြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စု ကျေးရွာများမှ တောင်သူများ တင်ပြလာသည့် လယ်ယာမြေ အမှုတွဲများကို ယမန်နေ့ နံနက် (၈)နာရီခွဲက မြို့နယ်လယ်ယာမြေ စီမံခ န့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးဝင်းနှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သော မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများက မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့တွင် COVID-19 ရောဂါ Case-127951နှင့် Case-127942တို့တွင် (၂)ကြိမ် ဆက်တိုက်ရောဂါပိုး မတွေ့ရှိတော့သဖြင့် ဟားခါးမြို့ တိုင်းရင်းဆေးရုံမှ ဆင်းခွင့်ပြု…
Jan 18,2021
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ် သမဝါယမဦးစီးဌာနရုံး၏ RC (၁)ထပ်၊ (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း ၂၅ ရာခိုင်နှုန်းပြီးစီး
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ သမဝါယမဦးစီးဌာနရုံး၏ RC (၁)ထပ်၊ (၄) ခန်းတွဲ ဝန်ထမ်းအိမ်ရာကို ၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ပန္နက်ရိုက်ခဲ့ပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ရာ ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့တွင် လုပ်ငန်းပြီးစီးမှု ၂၅ ရာခိုင်နှုန်းရှိပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်အတွင်း မြို့နယ်များမှ ဟားခါးမြို့သို့ဝင်ရောက်လာသည့် ပြည်သူများအနေဖြင့် ရပ်ကွက်၊ ကျေးရွာ ထောက်ခံစာနှင့် ကျန်းမာကြောင်းထောက်ခံစာ ပါရှိမှုမရှိသူများအာ…
Jan 18,2021
ချင်းပြည်နယ်၊ ဟားခါးမြို့သို့ဝင်ရောက်လာသည့်ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ ဝင်ရောက်သွားလာ နိုင်စေရေးအတွက် ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များစစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၂ရက်နေ့မှစ၍ ချင်းပြည်နယ်အတွင်း (တီးတိန်မြို့နယ်မှ အပ)မြို့နယ်များမှ ဟားခါးမြို့သို့ ဝင်ရောက်လာသည့် ပြည်သူများအနေဖြင့် ရပ်ကွက်၊ ကျေးရွာထောက်ခံစာနှင့် မြို့နယ်ကျန်းမာရေး (သို့မဟုတ်)ကုသရေး ဦးစီးဌာနမှ ကျန်းမာကြောင်းထောက်ခံစာ ပါရှိမှု မရှိသူများအား ဟားခါးမြို့သို့ ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်အော်ရေတံခွန်သို့ ဒေသတွင်းပြည်သူများ လာရောက်လည်ပတ်သူများပြား
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ရှိ ကွန်အော်ရေတံခွန်သို့ ရုံးပိတ်ရက်များ၊ ဥပုသ်နေ့များ၊ လပြည့်လကွယ်နေ့များတွင် လာရောက်လည်ပတ်သူများ၊ အပမ်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း ယမန်နေ့က သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25465
Page
25466
Page
25467
Page
25468
Current page
25469
Page
25470
Page
25471
Page
25472
Page
25473
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department