Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ပန်းတောင်းမြို့နယ် ချောင်းခြားစုကျေးရွာရှိ အိမ်ထောင်စု ၁၅၀ အတွက် မြို့ပေါ်ရှိ အလှူရှင်မိသားစုမှ ဆန်နှင့်မီးဖိုချောင်သုံး စားသောက်ဖွယ်ရာများလှူဒါန်း
Jan 18,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့ပေါ်ရှိဈေးအချို့ ပိတ်သိမ်းထားသည့် အပြင်၊ ကျေးရွာမှ ပိုးတွေ့လူနာအချိူ့ရှိသဖြင့် သွားလာရေးနှင့် မီးဖိုချောင်သုံး စားသောက်ဖွယ်ရာများ ဝယ်ယူရန်ခက်အခဲဖြစ်နေသည့် ချောင်းခြားစုကျေးရွာသို့ မြို့ပေါ်အလှူရှင်မိသားစုက ယနေ့ နံနက် (၉) နာရီက ဆန်နှင့် အခြားမီးဖိုချောင်သုံးစား သောက်ဖွယ်ရာများ သွားရောက်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်အတွင်းရှိ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်
Jan 18,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် လမ်းဆုံနေရာနှင့်စျေးတို့တွင်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်လင်းရာသီကာလရောက်ရှိပြီဖြစ်၍ ကျေးရွာနေပြည်သူများ မီးဘေးလုံခြုံရေး မီးသတ်တပ်ဖွဲ့ဝင်များ ကွင်းဆင်း အသိပညာပေး
Jan 18,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း ဒေသခံ ကျေးလက်နေပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ၊ ဇန်နဝါရီ ၁၈ ရက်၊ ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်သီဟ ၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမင်းထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ကံသာကြီး ကျေးရွာသို့ သွားရောက်ပြီး မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့နယ် တော့ထဲ့ကျေးရွာ၌ သဒ္ဓမ္မပါလအာယုဒီဃ ပရဟိတဆေးခန်း ဖွင့်လှစ်
Jan 18,2021
မင်းတပ်မြို့နယ် တော့ထဲ့ကျေးရွာရှိ သဒ္ဓမ္မပါလကျောင်းတိုက်၌ သဒ္ဓမ္မပါလအာယုဒီဃ ပရဟိတ ဆေးခန်း ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာ ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် အလှူငွေ ၁၄ သိန်းကျော် ပေးအပ်လှူဒါန်း
Jan 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာမှ ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် အလှူငွေ ၁၄ သိန်းကျော်ကို ဇန်နဝါရီလ ၁၈ ရက်၊ နေ့လည် ၁၂ နာရီခွဲအချိန်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး
Jan 18,2021
ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ဝန်ထမ်းများ၏ ဆောင်ရွက်နေမှုများကို ယနေ့နံနက် ၇ နာရီချိန်တွင် ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူးမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့် ၄ လသားအရွယ် ကလေးငယ် တစ်ဦး အပါအဝင်အတည်ပြုလူနာ(၆)ဦး ရောဂါပျောက်ကင်း၍ဆေးရုံမှဆင်း
Jan 18,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့် (၄)လသား အရွယ်အမျိုးသားအပါအဝင် အတည်ပြုလူနာ(၆)ဦးတို့သည် ဆေးရုံဆင်းသတ်မှတ်ချက် များ နှင့်အညီ ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၅) ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်း
Jan 18,2021
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case - 128904၊ Case - 128905၊ Case - 129102၊ Case - 129101၊ Case - 129103 တို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25468
Page
25469
Page
25470
Page
25471
Current page
25472
Page
25473
Page
25474
Page
25475
Page
25476
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department