Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျွန်းစုမြို့တွင် မြို့မဈေးအတွင်းရှိ ဈေးဆိုင်များ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ စနစ်တကျ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jan 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း မြို့မဈေးမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ယနေ့ နံနက်(၈)နာရီအချိန်က ဈေးအတွင်းရှိ ဆိုင်များ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် ရေငံ ကကတစ်ငါး ဒေသအခေါ်(ကပေါင်းငါးများ)အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jan 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း မြို့နယ်သမဝါယမဦးစီးဌာနနှင့် အသင်းစုတို့၏ စီစဉ်မှုဖြင့် ရေငံ ကကတစ်ငါး ဒေသအခေါ်(ကပေါင်းငါး)များအား ယနေ့ နံနက်(၅)နာရီအချိန်က ကျွန်းစုမြို့မဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်၌ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁၅၁ ဦးကို ကြိုဆို၍ ထမင်းဘူးနှင့် သောက်ရေသန့်ဘူးများ ပေးအပ်လှူဒါန်း
Jan 18,2021
ရှမ်းပြည်နယ်၊ ‘‘၀” အထူးဒေသ (၂)တွင် သွားရောက် အလုပ်လုပ်ကိုင်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နေ့လယ် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် ရောက်ရှိခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်းများ ကွင်းဆင်းစစ်ဆေး
Jan 18,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာများမှ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရေးရည်ရွယ်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရှမ်းပြည်နယ်) အစိုးရ၏ ၂၀၂၀−၂၀၂၁ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရံပုံငွေကျပ် (၁၈၅.၁၂၇) သန်းဖြင့် ‘‘ရွှေပွန်ချောင်း” ကုမဏီမှ တာ၀န်ယူဆောင်ရွက်လျက်ရှိသော မောက်မယ်−ဆိုက်ခေါင်သွားလမ်း မိုင်တိုင်အမှတ် (၄၁/၇)လမ်းခွဲမှ ကုန်းမလန်းကျေးရွာနှင့် နားတောင်ကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာ ချင်းဆက်လမ်းအား ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်အဆင့် တည်ဆောက်ရေးနှင့်လုပ်ငန်း စိစစ်ရေးကော်မတီဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းစည်ပင်ထောက်ပံ့မှုဖြင့် ကင်းတပ်ကျေးရွာနှင့် မော်လိုက်ကလေး ကျေးရွာတို့တွင် ရွာတွင်းလမ်းများအား ကွန်ကရစ် လမ်းခင်း
Jan 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ကင်းတပ်ကျေးရွာနှင့် မော်လိုက်ကလေးကျေးရွာ တို့တွင် စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ထောက်ပံ့ပေးသည့် ဘိလပ်မြေဖြင့် ကျေးရွာတွင်း လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ဇန်နဝါရီလ ပထမပတ်မှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း မော်လိုက် မြို့နယ် စည်ပင်သာယာကော်မတီ၊ မြို့နယ် အမှုဆောင် အရာရှိ ဦးဇော်ဇော်ထွန်း ပြောကြားချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေး အဆင့်ဆင့် ရွေးချယ်ဆောင်ရွက်နိုင်ရေး လုပ်…
Jan 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် ပဌာန်းဓမ္မာရုံ တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ ကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးအဆင့်ဆင့် ရွေးချယ်ဆောင်ရွက် နိုင်ရေး လုပ်ငန်းစဉ်အား ပြည်သူများ သိရှိစေရေး ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆောင်ရွက်နေကြသော ကျန်းမာ ရေး ဝန်ထမ်းများနှင့်အဘက်ဘက်မှကူညီဆောင်ရွက်ပေးနေကြသူများကို ဂုဏ်ပြုသော အားဖြင့် မိုင်တစ်ထေ…
Jan 18,2021
အပြည့်အစုံ ဖတ်ရန်
မင်းဘူး (စက) မြို့နယ် မန်းရွှေစက်တော်၏ ဘုရားသမိုင်း
Jan 18,2021
အခါတပါး၌ နတ်ပြည်တွင် သိကြားမင်းက နတ်သားတစ်ပါးအား အမောင်နတ်သား သင်လူ့ပြည်သို့ဆင်းပြီး လူ့ပြည်တွင် မိုးလေဝသ ရာသီဥတု မှန်သလား၊ ဆန်ရေစပါးပေါများရဲ့လား စုံစမ်းဖို့ လွှတ်လိုက်လေသည်။ နတ်မင်းလည်း ကျွန်းပညိုလို့ခေါ်တဲ့ရွာမှ သူကြွယ်တစ်ဦး၏ လယ်ကွက်ထဲမှ စပါးနှံတစ်ဆုပ်ကိုယူ၍ နတ်ပြည်သို့ တက်ခဲ့လေသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25476
Page
25477
Page
25478
Page
25479
Current page
25480
Page
25481
Page
25482
Page
25483
Page
25484
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department