Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျေးလက်နေပြည်သူများ လူနေမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေး
Jan 16,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေများဖြင့် ဒေသခံပြည်သူ များ သွားလာရေး အဆင်ပြေစေရေးအတွက် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယမန်နေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစောသန်းချစ်နှင့် တာဝန်ရှိသူများက လုပ်ငန်းအချိန်မီ ပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်မြို့တွင် (EXIM Bank) စိုက်ပျိုးစရိတ် ချေးငွေ အခြေခံသမဝါယမ အသင်းသားများသို့ စုဆောင်းငွေပေါ်မှ အတိုးရရှိငွေများ ပြန်လည်ထုတ်ပေး
Jan 16,2021
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ ဦးစီးဌာနတို့မှ (EXIM Bank) စိုက်ပျိုးစရိတ်ချေးငွေ အခြေခံသမဝါယမအသင်းစု အသင်းသားများအား စုဆောင်းငွေပေါ်မှ ရရှိသည့်အတိုး ငွေများကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်သမဝါယမ အသင်းစု ပြန်လည် ထုတ် ပေးလျက်ရှိကြောင်း သိရရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း တပ်ဆင်သွားလာရေး (Mask Campign)ပြုလုပ်
Jan 16,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးနှင့် ပြည်သူလူထုအကြားရောဂါကာကွယ်ရေးနည်းလမ်းများကို ပိုမိုသိရှိ လိုက်နာစေရေးအတွက် နှာခေါင်းစည်း (mask)နှင့် မျက်နှာအကာ(face shield)များအားအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက်၈နာရီအချိန်က မြို့နယ်အတွင်းရှိ လူအများစုဝေးရာနေရာဖြစ်သည့် မြို့မစျေးကြီးအတွင်းနှင့် ဆိုင်ကယ်ကယ်ရီဂိတ်များတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ပရိဘောဂပစ္စည်းများနှင့် မီးစက် (၁)လုံး အလှူရှင်များစုပေါင်းလှူဒါန်း
Jan 16,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့တိုက်နယ်ဆေးရုံအတွက် ပြည်တွင်း/ပအလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် စုစုပေါင်းငွေ ကျပ်-ဆယ့်နှစ်သိန်း တန်ဖိုးရှိ ဆေးစတိုခန်းအတွက်ဗီရို (၁) လုံး၊ YAMABISI EC 4800 DXE မီးစက် (၁)လုံးနှင့် ပြင်ပလူနာဌာနအတွက် လေးယောက်ထိုင် စတီးထိုင်ခုံ(၅)တန်းလှူဒါန်းခြင်းကို အဆိုပါတိုက်နယ် ဆေးရုံ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိရိုးဖလာ ရိုးရာလုပ်ငန်းတစ်ခုအဖြစ် စိုက်ပျိုးလုပ်ကိုင် လာခဲ့ကြသည့် မြန်မာတို့၏သနပ်ဖက်လုပ်ငန်း
Jan 16,2021
မြန်မာနိုင်ငံသားတို့သည် သနပ်ပင်ကို မြင်ဖူးချင်မှ မြင်ဖူးပေလိမ့်မည် သို့သော် သနပ်ဖက်ကိုတော့မမြင်ဖူးသူ ရှားပေလိမ့် မည် အဘယ်ကြောင့်ဆိုသော် သနပ်ဖက်ဆေးပေါ့လိပ်ကို သောက်သုံးသူများသောကြောင့် ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမောက်-နန်းခမ်း-ဝန်းသိုမြို့နယ်ချင်းဆက် တောင်ကျောင်းချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်ရန် ပန္နက်တင်အခမ်းအနားပြုလုပ်
Jan 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဗန်းမောက်-နန်းခမ်း-ဝန်းသိုမြို့နယ်ချင်းဆက်လမ်းပေါ်ရှိ ကန်တော်ကျေးရွာအုပ်စုနှင့် မင်းကုန်းကျေးရွာကြား တောင်ကျောင်း ချောင်းကူး (၂၀၀)ပေ သံကူကွန်ကရစ်တံတား တည်ဆောက်နိုင်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗောဓိတထောင်ဒေသ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်း ဒုတိယနှစ်စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၃၃၅၀၀)ပင် စုဆောင်း ထား
Jan 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ခတက္တန်တောင်ကျေးရွာအနီးရှိ ဗောဓိတထောင်ဒေသအထူး စိမ်းလန်းစိုပြည်ရေး စီမံကိန်း ဒုတိယနှစ်ဖြစ်သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း(၃၃၅၀၀)ပင်အား စုဆောင်းထားရှိပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးလဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦးထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ် ဝမ်ကုန် အခြေခံပညာမူလတန်း(လွန်) ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်ရိုက်အခမ်းအနားပြုလုပ်
Jan 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဝမ်ကုန် အခြေခံပညာမူလတန်း(လွန်) ကျောင်းအတွက် Steel Structure ကျောင်းဆောင်သစ် တစ်လုံးဆောက်လုပ်ရန် ပန္နရိုက် ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25478
Page
25479
Page
25480
Page
25481
Current page
25482
Page
25483
Page
25484
Page
25485
Page
25486
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department