အမြို့မြို့အနယ်နယ်သတင်းများ

Jan 16,2021
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မကြာမီကာလအတွင်း အသစ်ပြန်လည်ရွေးချယ် ဆောင်ရွက်တော့ မည်ဖြစ်ရာ ရွေးချယ်ရေးလုပ်ငန်းများတွင် အဆင်ပြေချောမွေ့စေရေးနှင့် အသစ်ပြင်ဆင်ပြဌာန်းထားသော ဥပဒေ၊နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့မနက်ပိုင်းနှင့်နေ့လယ်ပိုင်းတို့တွင် ကြိုရပ်သာကျေးရွာ အုပ်စု၊ ကြို့ကုန်းကျေးရွာ အုပ်စု၊ ဘွတ္တောကျေးရွာအုပ်စုတို့တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 16,2021
ကချင်ပြည်နယ်၊ လူမူဝန်ထမ်းဦးစီးဌာနမှ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် အမျိုးသမီး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ နံနက် ၁၀ နာရီတွင် ပြည်နယ် လူမူဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jan 16,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် လူမူရေးပင်စင် များထောက် ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ဆမားခန်းမ၌ကျင်းပခဲ့သည်။
Jan 16,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာလုပ်ငန်း စဉ်များ သင်တန်းကို ယမန်နေ့ နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေး ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် ပြုလုပ်ခဲ့သည်။ သင်တန်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး
Jan 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်(၂) ခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Jan 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၊ မြို့မရဲစခန်း အနောက်ဘက် (၂၇) မိုင်ခန့်အကွာ ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်း၊ ပင်လည်ဘူးမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ​ငှောချယ်ကျေးရွာ အနီးတွင် ယမန်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်ပါသူများ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Jan 16,2021
သာပေါင်းမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေ အသိပညာပေး ထပ်ဆင့်ချပြ ရှင်းလင်းမှု သင်တန်း ကို သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဖွင့်လှစ် ကျင်းပခဲ့သည်။