အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနေကြာ စိုက်ပျိုး လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jan 18,2021
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့၊ ကျိုက်ဒုံ(အ.ထ.က)ကျောင်း ဝင်း၌ တည်ဆောက်လျက်ရှိသည့်
Jan 18,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဖြစ်သော (၂၀၁၈-၂၀၃၀)တွင် ခွေးရူးရောဂါကင်းစင်ပပျောက်စေရေးအတွက် အိမ်မွေးတိရိစ္ဆာန်များအား ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
Jan 18,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း (ပြည်ထောင်စု/ ပြည်နယ်) ရန်ပုံငွေ ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလင်းလင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jan 18,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသခံတိုင်းရင်းသားများ ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များ တစ်ပိုင်တစ်နိုင်ပြုလုပ်ရောင်းချရာတွင် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြသည်။
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်အဝင် နန့်ပန်တက်ကျေးရွာ၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို နေ့စဉ်နံနက် ၆နာရီခွဲ အချိန်ခန့် စတင်ဖွင့်လှစ်၍ အခြားတိုင်း ဒေသကြီး/ပြည်နယ်မှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ဝင်ရောက်လာသည့် အတက်ကား ကုန်တင် ယာဉ်မောင်း/ ယာဉ်နောက်လိုက်တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိအား Test Kit ဖြင့်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ က ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးထံတို့မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
Jan 18,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၆၆)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၂၀)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၆ ဘီး မော်တော်ယာဉ်မှ ပြည်ကြီးတံခွန်မြို့နယ် နေထိုင်သူ ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။