Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ခုနှစ်ရွာတွင် မူလငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၁၅ သန်းကျော်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်
Jan 18,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာခုနှစ်ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မူလငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၁၅ သန်းကျော်ဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်း လုပ်ငန်း၊ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်း၊ အင်ဂျင်ပန့်တပ်ဆင်ခြင်း၊ ကျေးရွာတွင်း ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းနှင့် ၄၀၀ ဗို့(စ်) ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့တွင် Quarantine Center အဖြစ် အသုံးပြုခဲ့သည့် ကျောင်းအား ဌာနသို့ ပြန်လည်အပ်နှံနိုင်ရေး သန့်ရှင်းရေးဆောင်ရွက်
Jan 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန် ရေးကော်မတီမှ Quarantine Center အဖြစ် အသုံးပြုခဲ့သည့် မိုးညိုတန်းရပ်ကွက် အ.လ.က ချမ်းမြသာ မြေကျောင်းအား ကျောင်းပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနသို့ ပြန်လည်အပ်နှံနိုင်ရေး သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့ ဘုရားကုန်းကျေးရွာ ရွာချင်းဆက်ကွန်ကရစ်လမ်း ဖွင့်ပွဲကျင်းပ
Jan 18,2021
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ နဘူးနှစ်ခြားကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာ ရွာချင်းဆက် ကွန်ကရစ် လမ်းဖွင့်ပွဲကို ကျေးရွာကော်မတီဝင်များ ဦးဆောင်၍ ယမန်နေ့နံနက် ၈ နာရီချိန်တွင် အဆိုပါကျေးရွာ၌ အောင်မြင်စွာ ဖွင့်လှစ်ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းအကူအညီပေးရန် တနင်္သာရီမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်(၄)ဦး စတင်ထွက်ခွာ
Jan 18,2021
ရန်ကုန်တိုင်းဒေသကြီးဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုကုသမှု COVID Center တွင် ကျန်းမာရေး ဝန်ထမ်းများ နှင့်အတူ
အပြည့်အစုံ ဖတ်ရန်
ဖုန်ကျန်ကျေးရွာ အဝေရာပါရမီ ကျောင်းတိုက်အတွင်း “ရွှေတိဂုံပုံတူ ရန်ကင်းအောင်ငြိမ်းချမ်းရေး စေတီတော်” ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပ
Jan 18,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်ကျေးရွာ အဝေရာပါရမီကျောင်းတိုက် အတွင်း “ရွှေတိဂုံပုံတူ ရန်ကင်းအောင်ငြိမ်းချမ်းရေး စေတီတော်” ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ ၄၅ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၂၇) ဦး ထပ်တိုးတွေ့ရှိ
Jan 18,2021
မကွေးတိုင်းဒေသကြီးတွင် ယမန်နေ့က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ် ပိုးတွေ့ အတည်ပြုလူနာသစ် (၂၇) ဦး ထပ်တိုးတွေ့ရှိခဲ့ပြီး တိုင်းဒေသကြီး အတွင်းမှာ အတည်ပြုလူနာပေါင်း (၃၀၀၃) ဦးထိ ရှိလာ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စုရှိ စာသင်ကျောင်း (၂) ကျောင်းအတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း
Jan 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စုအတွင်းရှိ အ.ထ.က (မကျီးဇင်) စာသင်ကျောင်းနှင့် ဂျိုင်လယ် (အ.မ.က/လွန်) စာသင်ကျောင်းတို့အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား ရွှေသောင်ယံမြို့ အမှတ် (၃) ရပ်ကွက်ရှိ Worldview International Foundation မှ သွားရောက်လှူဒါန်းခဲ့ကြရာ ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ဂျိုင်လယ် (အ.မ.က/လွန်) စာသင်ကျောင်းအတွက် ငွေကျပ် (၁၈) သိန်း (၇) သောင်း တန်ဖိုးရှိ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ မွန်းလွဲ (၁) နာရီအချိန်က အ.ထ.က (မကျီးဇင်) စာသင်ကျောင်းအတွက် ငွေကျပ် (၂၆၈၉၀၀) တန်ဖိုးရှိ Canon MF-235 ပရင်တာ (၁) လုံးတို့ကို ပေးအပ်လှူဒါန်းရာ ဆရာ/ဆရာမများနှင့် ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီတို့မှ လက်ခံရယူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့မဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jan 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့မဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံနှံ့မှုမရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်က မြို့မဈေးအတွင်း အသိပညာပေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25485
Page
25486
Page
25487
Page
25488
Current page
25489
Page
25490
Page
25491
Page
25492
Page
25493
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department