Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၀ ခုနှစ်အတွင်း မီးလောင်မှု(၂၂၆)ကြိမ်ဖြစ်ပွားခဲ့ပြီး ငွေကျပ် (၇၅၅)သန်းကျော် ဆုံးရှုံး
Jan 17,2021
စစ်ကိုင်းတိုင်းဒေသကြီးတွင်၂၀၂၀ ခုနှစ်အတွင်း၌ မီးလောင်မှု(၂၂၆)ကြိမ် ဖြစ်ပွားခဲ့ရာတွင် ငွေကျပ် (၇၅၅.၄၆)သန်းဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထွဋ်ဦး ထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပွင့်ဖြူမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 17,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို သည် တိုင်းဒေသကြီး ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ်အတွင်း ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၅)လုံးဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့
Jan 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အမှတ်(၁၆)ရပ်ကွက်အနီး ဧရာဝတီမြစ်ကမ်း တာမိုင်(၄၇/၁နှင့် ၄၇/၂) အကြားတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်ခန့်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် အလျား(၁၂၀)ပေ၊ အနံ(၂၅)ပေခန့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့တွင် ခိုလှုံရာခိုကိုးရာမဲ့ဘိုးဘွားရိပ်သာရှိ မသန်စွမ်းသူများကို ထောက်ပံ့ငွေများ ပေးအပ်
Jan 16,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ ခိုလှုံရာခိုကိုးရာမဲ့ဘိုးဘွားရိပ်သာမှ မသန်စွမ်းသူများကို ယနေ့ နံနက် ၉ နာရီက ခရမ်းရောင်ကြာပန်း မသန်စွမ်းသူများစီးပွားရေးအဖွဲ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်နေပြည်သူများ လူနေမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေး
Jan 16,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေများဖြင့် ဒေသခံပြည်သူ များ သွားလာရေး အဆင်ပြေစေရေးအတွက် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယမန်နေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစောသန်းချစ်နှင့် တာဝန်ရှိသူများက လုပ်ငန်းအချိန်မီ ပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်မြို့တွင် (EXIM Bank) စိုက်ပျိုးစရိတ် ချေးငွေ အခြေခံသမဝါယမ အသင်းသားများသို့ စုဆောင်းငွေပေါ်မှ အတိုးရရှိငွေများ ပြန်လည်ထုတ်ပေး
Jan 16,2021
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ ဦးစီးဌာနတို့မှ (EXIM Bank) စိုက်ပျိုးစရိတ်ချေးငွေ အခြေခံသမဝါယမအသင်းစု အသင်းသားများအား စုဆောင်းငွေပေါ်မှ ရရှိသည့်အတိုး ငွေများကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်သမဝါယမ အသင်းစု ပြန်လည် ထုတ် ပေးလျက်ရှိကြောင်း သိရရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း တပ်ဆင်သွားလာရေး (Mask Campign)ပြုလုပ်
Jan 16,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးနှင့် ပြည်သူလူထုအကြားရောဂါကာကွယ်ရေးနည်းလမ်းများကို ပိုမိုသိရှိ လိုက်နာစေရေးအတွက် နှာခေါင်းစည်း (mask)နှင့် မျက်နှာအကာ(face shield)များအားအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက်၈နာရီအချိန်က မြို့နယ်အတွင်းရှိ လူအများစုဝေးရာနေရာဖြစ်သည့် မြို့မစျေးကြီးအတွင်းနှင့် ဆိုင်ကယ်ကယ်ရီဂိတ်များတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ပရိဘောဂပစ္စည်းများနှင့် မီးစက် (၁)လုံး အလှူရှင်များစုပေါင်းလှူဒါန်း
Jan 16,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့တိုက်နယ်ဆေးရုံအတွက် ပြည်တွင်း/ပအလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် စုစုပေါင်းငွေ ကျပ်-ဆယ့်နှစ်သိန်း တန်ဖိုးရှိ ဆေးစတိုခန်းအတွက်ဗီရို (၁) လုံး၊ YAMABISI EC 4800 DXE မီးစက် (၁)လုံးနှင့် ပြင်ပလူနာဌာနအတွက် လေးယောက်ထိုင် စတီးထိုင်ခုံ(၅)တန်းလှူဒါန်းခြင်းကို အဆိုပါတိုက်နယ် ဆေးရုံ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25488
Page
25489
Page
25490
Page
25491
Current page
25492
Page
25493
Page
25494
Page
25495
Page
25496
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department