အမြို့မြို့အနယ်နယ်သတင်းများ

Dec 10,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်‌တွင် ယနေ့နံနက်က ကိုဗစ်-၁၉ အတည်ပြု လူနာ(၃)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Dec 10,2020
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် ၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များ ကို ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ မြို့မစျေးနှင့် အမှတ်(၅)စျေးအတွင်းရှိ ဈေး ဆိုင်များ ဝါးပြားလမ်းဆုံနှင့် ၊ လူအသွားအလာများသည့် နေရာ များတွင် အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
Dec 10,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်စျေး များတွင် စုံမစနစ်ဖြင့်ရောင်းချနေ ကြောင်းသိရပြီး ယနေ့နံနက်ပိုင်းတွင် စည်ပင် သာယာရေး အဖွဲ့ဝန်ထမ်းများက စျေးများ၌ ကိုဗစ် - ၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
Dec 10,2020
၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်အတွင်း ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် မြစ်/သဲ ထုတ်လုပ်ခြင်း လုပ်ငန်း အား ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်က Task Force အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Dec 10,2020
ကျိုက်ထိုမြို့နယ်တွင် ‌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ COVID-19 ရောဂါကာကွယ်ရေးလုပ် ငန်းများ တွင် အသုံးပြုသည့်ပစ္စည်းများအား မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ကော်မတီသို့ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီခွဲတွင် ကျိုက်ထိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 10,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ရောင်စဉ်အားမာန် ပရဟိတအဖွဲ့မှ Triangle Women အဖွဲ့၏ ပံ့ပိုးမှုဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 10,2020
၂၀၂၁ ခုနှစ်တွင် ခရိုင်၊ မြို့နယ်တရားရုံးများတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်းစီခန့်ခွဲမှုအစီအစဉ် ( Case Management Program )အကောင်အထည် ဖော်ဆောင်ရွက်ရေး ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်သည်။
Dec 10,2020
ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုအား ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်း ချနိုင်ရေးနှင့် Mask စနစ် တကျ တပ်ဆင်ရောင်းချစေရေး အသိပညာပေးခြင်းများကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဈေးရှိ အရောင်းဆိုင်များနှင့် လူစည်ကား ရာနေရာများ တွင် ယနေ့နံနက် ၈ နာရီက တာဝန်ရှိသူများမှ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။