အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် မြစိမ်း‌ရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မွန်ဇော်ကျေးရွာတွင် စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့်ကျေးရွာ ကော်မတီဖွဲ့စည်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 15,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေကျပ် ၁၀ သန်းနှင့် ၁၀၀ သန်းကြား၊ သန်း ၁၀၀ အထက်လုပ်ငန်းများ တင်ဒါ အောင်မြင်သည့်လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ယမန်နေ့က ကြေညာခဲ့သည်။
Dec 15,2020
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန တဲကြီးမြို့မနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံ များ နှင့် စိုက်ပညာရှင်ဝန်ထမ်းများသည် ယမန်နေ့၊ မွန်းလွဲပိုင်းက နယ်မြေအတွင်းရှိ ပဲကတိုး ကျေးရွာ တောင်သူ ဦးနိုင်ဦး၊ ဦးရွှေနီ ကွင်းအမှတ်(၇၂၉)ရှိ စပ်မျိုး(၁)နေကြာ စိုက်ခင်း ရိတ်သိမ်းရာတွင် လေလွင့်မှု မရှိစေ ရန် နည်းပညာများ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Dec 15,2020
ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်၊  ဒဂုံမြို့သစ်( အရှေ့ပိုင်း) မြို့နယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန် ထားသော အမိန့်နှင့် ညွှန်ကြားချက်များအား  ဒဂုံမြို့သစ်( အရှေ့ပိုင်း) မြို့နယ်  ရပ်ကွက် /ကျေးရွာ (၃၂) ရပ်ကွက်ရှိ ပြည်သူများ သိရှိစေရန်  ယမန်နေ့က ရပ်ကွက်/ကျေးရွာ အလိုက် အုပ်ချုပ်ရေးအဖွဲ့များက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 15,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင် ကာကွယ် ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွား လာမှု ရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများက Mask Campaign များကို နေ့စဉ် ရပ်ကွက်များ၊ စျေးများ၊ လမ်းများအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ် ၁၃၃ ရပ်ကွက် အမှတ် ၁၂၄ ရပ်ကွက်နှင့် အမှတ် ၁၃ ရပ်ကွက်​ ​ တို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 15,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင် များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ ည ၇ နာရီအချိန်ခန့်က မြို့ပေါ် (၄)ရပ်ကွက်သို့ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 15,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား သင့်တင့်​သော စျေးနှုန်းဖြင့် ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိ နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်း က ရပ်ကွက်များအတွင်းသို့ ကားများ ဖြင့် လှည့်လည်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
Dec 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်မိုးစပါးအပြီး ဒုတိယသီးနှံအဖြစ် ဆောင်းနှမ်းဧက (၃၀၀)ခန့်ကို ထုံးတပို၊ ရေလဲ၊ အရှေ့လေးတူး၊ မေရီလန်းနှင့် နန်းတော်ကျွန်း ကျေးရွာ အုပ်စုတို့တွင် စိုက်ပျိုးထားရာ ဖြစ်ထွန်းအောင်မြင် လျက်ရှိကြောင်း သိရသည်။