Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
Stay at Home ကာလအတွင်း မလိုအပ်ဘဲ နယ်မြေကျော် သွားလာခြင်းမရှိစေရန် တားမြစ် စစ်ဆေးခြင်းဆောင်ရွက်
Dec 10,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာကာကွယ်နိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်း မြို့နယ်မပါ) တွင်နေထိုင်သူများအနေဖြင့် Stay at Home အဖြစ် ထုတ်ပြန်ထားသည့် ကြေညာချက်များကို
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသူများအား စားသောက်ကုန်နှင့် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့
Dec 10,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော သည် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသူများအား စားသောက်ကုန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ယမန်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အပြည်ပြည်ဆိုင်ရာ စေတနာလုပ်အားရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 10,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသည့် ၂၀၂၀ ပြည့်နှစ်၊ အပြည်ပြည် ဆိုင်ရာ စေတနာလုပ်အားရှင်များနေ့ (International Volunteer Day) အထိမ်း အမှတ် အခမ်းအနားကို ဒီဇင်ဘာ (၉) ရက် နေ့လယ်ပိုင်းက ခရမ်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ရုံးခြံဝင်း အတွင်း၌ ကျန်းမားရေးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက် များနှင့်အညီ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်၌ နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး ရှောင်တခင်စစ်ဆေး ကြပ်မတ်ဆောင်ရွက်
Dec 10,2020
နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး (၂၀၀) ကျပ်ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရှောင်တခင် စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ်ရှိ မြို့နယ်တရားရုံးရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့ အထက(၁)တွင် Quarantineဝင်ရောက်နေသော အမျိုးသမီး(၂၉)ဦးအား အမျိုးသမီး အသုံးအဆောင် ပစ္စည်းများပေးအပ်
Dec 10,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထက(၁)တွင်Quarantine ဝင်ရောက် နေသော အမျိုးသမီး(၂၉)ဦးအား လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီး အသုံးအဆောင် ပစ္စည်း များကို ယနေ့နံနက်(၁၀)နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် မိုးစပါးဧရာမင်းမျိုးစေ့ထုတ်စိုက်ကွက် စံကွက် ရိတ်သိမ်းခြင်း တောင်သူကွင်းပြပွဲနှင့် တောင်သူပညာပေး ဆ…
Dec 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာ၊ တောင်သူ ဒေါ်ရီ၏ ကိုဗစ်- ၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ စိုက်ပျိုးထားရှိသော ကွင်း အမှတ် ၁၀၄၉၊ ဦးပိုင်အမှတ်၁၆၈၊ မိုးစပါး ဧရာမင်း မျိုးစေ့ထုတ် စိုက်ကွက်၌ စံကွက်ရိတ်သိမ်းခြင်း တောင်သူကွင်းသရုပ်ပြပွဲနှင့် တောင်သူပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ၁၀နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့ရှိ ဆေးဆိုင်များအား သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါး များအား မီးရှို့ဖျက်ဆီးခြင်း ဆောင်ရွက်
Dec 10,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအား ခရိုင် အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ သရက်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများအား မီးရှို့ ဖျက်ဆီးခြင်းကို ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး လမ်း၊တံတား တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်မည်
Dec 10,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာချင်းဆက် လမ်း၊တံတားတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၁၄ ဒသမ ၇၁၀၊တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်သန်း ၈၉၂ ဒသမ ၇၀၀ စုစုပေါင်း ကျပ်သန်း ၁၁၀၇ ဒသမ ၄၁၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28009
Page
28010
Page
28011
Page
28012
Current page
28013
Page
28014
Page
28015
Page
28016
Page
28017
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department