အမြို့မြို့အနယ်နယ်သတင်းများ

Nov 13,2020
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင်နိုင်ငံ‌ တော်အစိုးရမှထောက်ပံ့‌ ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအားရပ်ကွက်/ကျေးရွာများတွင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 13,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မူကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်မှစတုတ္ထ အကြိမ်ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ပြုလုပ်ခဲ့သည်။
Nov 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ရိုင်၊ ယင်းမာပင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ပဉ္စမအကြိမ် တစ်အိမ်ထောင်ငွေကျပ်(၂၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သိရသည်။
Nov 13,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများအား အခြေခံလူတန်းစား အိမ်ထောင်စုများ လက်ဝယ်အရောက်ပေးအပ်နိုင်ရေးတို့ အတွက် ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်လျက်ရှိပြီး ယနေ့ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများအလိုက် ဆက်လက်၍ပေးအပ်လျက်ရှိကြောင်းသိရသည်။
Nov 13,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့သို့ မန္တလေးမြို့မှ (၁၀.၁၁.၂၀၂၀) ရက်နေ့တွင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် လာရောက်သူများအနက် (၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည်ဟု မြို့နယ်ဆရာဝန်ကြီး၏ ပြောကြားချက်အရသိရသည်။
Nov 13,2020
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသော (Facility Quarantine) ထားရှိသူ(၂)ဦး ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ Test Kitဖြင့်စစ်ဆေးရာစစ်ဆေးချက် အဖြေအရသိရသည်။
Nov 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်ရုံးအဖွဲ့(၁၉) ဦးတို့အား ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော ဒဂုံ Quarantine Centre တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးခဲ့ကြသည်။
Nov 13,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း ရွိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဗိုလ်ချုပ်နေဝင်းလမ်းနှင့် မြို့မဈေးကြီးတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။