Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တစ်လကျော်ကြာ ပိတ်ထားသည့် ပခုက္ကူကုန်စည်ဒိုင် ပြန်ဖွင့်မည်
Nov 14,2020
ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း တစ်လကျော်ကြာ ပိတ်ထားသည့် ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်း၊ ပခုက္ကူကုန်စည်ဒိုင်ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ကုန်တင်ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ
Nov 14,2020
ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည့် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု၊ မော်ဟဲကျေးရွာအနီးတွင် ကျန်းမာရေးစစ်ဆေးရေး ဂိတ်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ကုန်တင်ယာဉ်နောက်လိုက်(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဂိတ်စခန်းတွင် တာဝန်ကျသည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့နယ်အတွင်း ဆင်းသုခစပါး အထွက်နှုန်းခန့်မှန်းနိုင်ရန် စံကွက်ရိတ်သိမ်း
Nov 14,2020
ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှုအရ စိုက်ပျိုး ဆောင်ရွက်လျက်ရှိသော ဆင်းသုခစပါး မျိုးစေ့ထုတ်စိုက်ခင်းများတွင် အထွက်နှုန်းခန့်မှန်းနိုင်ရန် စံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာဖွံ့ဖြိုးရေးဖောင်းဒေးရှင်းနှင့် Light House Social Development Organization, Ayarwaddy မှ မြန်အောင်မြို့နယ် Quarantine Center များသို့ တစ်ကိုယ်ရည်သုံးပစ…
Nov 14,2020
မေတ္တာဖွံံဖြိုးရေးဖောင်းဒေးရှင်းနှင့် Light House Social Development Organization, Ayarwaddy တို့မှ မြန်အောင်မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြန်အောင်၊ သပြေကုန်း၊ အင်ပင် Quarantine Center များသို့ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ PPE ဝတ်စုံများ၊ N95 များ ကို ယမန်နေ့နံနက်က မြန်အောင်ပြည်သူ့ဆေးရုံ အထောက်အကူပြုရုံးခန်းတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှပြည်သူများအား စတုတ္ထအကြိမ် ထောက်ပံ့လှူဒါန်း
Nov 14,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်၏ လှူဒါန်းငွေကျပ်သိန်းပေါင်း (၁၇၂၀ဝိ/-) အပါအဝင် အများပြည်သူ လှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံနေထိုင်ရာ ဒေသများသာမက၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ လိုအပ်သည်နေရာ များသို့ စားနပ်ရိက္ခာများနှင့် အလှူငွေများကို ထပ်မံလှူဒါန်းလျက်ရှိရာ စတုတ္ထအကြိမ်ထပ်မံ လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊ ဘောဇနဆောင်၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့ တောင်သုံးလုံးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအားထောက်ပံ့ငွေ ပေးအပ်
Nov 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ တောင်သုံးလုံးကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ဆီဘောက်ဆာကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲ ထိုးကျ
Nov 13,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာအနီး ရန်ကုန်- ပြည်ကားလမ်းပေါ်တွင် ယမန်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က ဆီဘောက်ဆာကားတစ်စီး တိမ်း မှောက်နေကြောင်း သတင်းအရ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦး ဦးဆောင်သော တပ်ဖွဲ့ဝင်(၈)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ရေသယ်ယာဉ်(၁)စီးတို့သည် အခင်း ဖြစ်ပွားရာ နေရာသို့ သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ကြေးငွေများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Nov 13,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ကြေးငွေများကို ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် ပူးပေါင်းကာ အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28274
Page
28275
Page
28276
Page
28277
Current page
28278
Page
28279
Page
28280
Page
28281
Page
28282
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department