အမြို့မြို့အနယ်နယ်သတင်းများ

Nov 13,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်သည့်အနေဖြင့် နတ်မောက်-မြို့သစ်-တောင်တွင်းကြီးအဝင်ဂိတ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များပူးပေါင်း၍ ယနေ့နံနက်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 13,2020
ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အညီ ပြည်သူများ၏ အသက်အိုးအိမ် ပစ္စည်းများ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပေးကြေညာချက်အား ပြည်သူများသို့ လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင်ကိုဗစ်၁၉ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ အလှူရှင်များမှ အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 13,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မိုးစပါးသီးနှံစိုက်ခင်းများ စတင်ရိတ်သိမ်းနေကြ ကြောင်း သိရကာ ထိုသို့ မိုးစပါးစိုက်ခင်းများ ရိတ်သိမ်းရာတွင် တောင်သူများ ငွေအကုန်အကျ သက်သာစေရန်နှင့် သီးနှံ အထွက်နှုန်း လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ ကောက်ရိတ်ခြွေလှေ့ စက်များဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုပြုပေးလျက်ရှိကြောင်း သိရသည်။
Nov 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများ တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရေး အတွက်နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီကို စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ ထောက်ပံ့ငွေများသွား‌ရောက်ပေးအပ်ခဲ့သည်။
Nov 13,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အ.ထ.က(ခွဲ) အတွင်းရေကျော်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက် ရာ၌ အသုံးပြုနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ရောဂါကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းနှင့် သောက်ရေသန့်ဘူးများကို ထန်းတပင်မြို့မပရဟိတလူငယ်အဖွဲ့နှင့် အလှူရှင်များ အဆိုပါစင် တာသို့သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။
Nov 13,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မြို့နယ် အတွင်းရှိ မဲရုံများတွင် လုံခြုံရေးဆောင်ရွက်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း လွှာ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ် ၁ ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ခန်းမ၌ ပြုလုပ်ခဲ့သည်။