အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ယနေ့ နံနက်(၆)နာရီ အချိန်ခန့်က ကွမ်းလုံ မြို့နယ်၊ ခိုလုံရပ်ကွက် မဲရုံအမှတ်(၁) ကိုးကန့်ယဉ်ကျေးမှု ခန်းမ၌ ‌ဆန္ဒမဲပေးခဲကြောင်း သိရသည်။
Nov 08,2020
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ (၈) ရက်တွင်ကျင်းပခဲ့ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း နံနက်(၆)နာရီမှ စတင်၍မဲရုံ(၇၀)ရှိ သက်ဆိုင်ရာနေရာများတွင် ဆန္ဒမဲပေးခြင်းများဆောင်ရွက်လျက်ရှိသည်။
Nov 08,2020
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွထွေ ရွေးကောက်ပွဲကို မဲရုံအသီးသီးတွင် ယနေ့ နံနက် ၆ နာရီမှစ၍ ပြည်သူများဆန္ဒမဲများ လာရောက်ပေးလျက်ရှိပါသည်။
Nov 08,2020
(၂၀၂၀)ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန် က တစ်နိုင်ငံလုံး၌ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ သက်မှတ်မဲဆန္ဒနယ်အသီးသီးရှိ မဲရုံများတွင် တစ်ပြိုင်နက်ကျင်းပပြီး မဲဆန္ဒရှင်ပြည်သူများမဲပေးမှုအခြေအနေကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မဲရုံများသို့ လိုက်လံကြည့်ရှုပြီး လိုအပ်သည့်အကူအညီများ ပူးပေါင်းဆောင်ရွက် ပေးကြသည်။
Nov 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စု(၉၅)အုပ်စု တွင် မဲရုံပေါင်း(၂၁၆)ရုံကို ယနေ့ နံနက် ၆ နာရီအချိန်မှစ၍ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး ဆန္ဒမဲပေးသူများအား ရှေးဦးစွာ မဲရုံမှူးမှ မဲရုံ စတင်ဖွင့်လှစ် ကြောင်း ကြေညာပြီး ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်နေ့ ယနေ့နံနက်ပိုင်း မဲရုံစတင်ဖွင့်လှစ်သည့်နံနက် ၆ နာရီမှစတင်၍ မြို့နယ်အတွင်းရှိမဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးလျက်ရှိသည်။
Nov 08,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပျံ့နှံ့မှု မရှိစေရန် ယနေ့နံနက် ၆ နာရီကစတင်ကာ စနစ်တကျ မဲပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပရာ၊ ဝိုင်းမော်မြို့နယ် တွင် မဲဆန္ဒရှင်ပြည်သူများသည် နံနက်၆နာရီမှစတင်ကာ သက်ဆိုင်ရာမဲရုံများသို့ သွားရောက်၍ ဆန္ဒမဲများကို ပေးလျက် ရှိသည်။