အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံ အသီးသီး၌ နံနက်(၆) နာရီမှစတင်၍ ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျရောက်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ပြည်သူများ ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ယနေ့ နံနက် (၆) နာရီမှ စတင်ကာ ကျန်းမာရေးနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မဲရုံ (၄၅) ရုံကို ယနေ့ နံနက် (၆) နာရီအချိန်က တစ်ပြိုင်တည်းစတင် ဖွင့်လှစ်ခဲ့ရာ ပြည်သူများ ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစတင်၍ ဟိုပုံးမြို့နယ်အတွင်းရှိ မဲရုံများတွင် တစ်ပြိုင်တည်းကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တမူးခရိုင်၊ ခါမ်းပါတ်မြို့ရှိ ပြည်သူများ ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကင်းဝေးစေရန်အတွက် ကျန်မာရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် ၆ နာရီမှစတင်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Nov 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် မဲရုံအမှတ်(၂)တွင် ယနေ့နံနက်၆ နာရီအချိန် မဲရုံမှူး ဦးမြင့်စိုးမှ မဲရုံဖွင့်လှစ်ကြောင်း ကြေညာပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းနှင့်ဇနီးဒေါ်သဲမာထွေး တို့က စတင်ဆန္ဒမဲပေးခဲ့ကြသည်။
Nov 08,2020
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့အတွင်း မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)စုမှ မဲရုံ (၉) ရုံတွင် မဲဆန္ဒရှင်ပြည်သူများက ယနေ့ နံနက် ၆ နာရီမှစ၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသည့် နိုဝင်ဘာလ (၈) ရက်နေ့ ယနေ့ တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ မဲရုံ(၁၆၃)ရုံတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အားထက်သန်စွာဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။