အမြို့မြို့အနယ်နယ်သတင်းများ

Oct 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁) နာရီ အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
Oct 28,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် ဂျုံသီးနှံကို (၁၁၄၃၀၀)ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ တင်မာမာဦး ၏ ပြောကြားချက်အရ သိရသည်။
Oct 28,2020
မန္တလေး၊ အောင်‌မြေသာစံမြို့နယ်တွင် အထူးရဲသင်တန်း (၁/၂၀၂၀) ဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဒေါနဘွားရပ်ကွက်၊ အကွက်(၅၄)၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြား၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ အမှတ်(၁၇) အခြေခံ ပညာအထက်တန်းကျောင်း၊ ချမ်းမြေ့မန္တလာခန်းမ၌ ကျင်းပရာ အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇင်မြင့်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။
Oct 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက ကသာ မြို့နယ်၊ အထက်ဝဲကြီးကျေးရွာအုပ်စု၊ ရွှေပြည်သစ်မြစိမ်းရောင် စီမံကိန်းကျေးရွာ၌ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွား ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်အတွက် မြစိမ်းရောင်စီမံကိန်း စတုတ္ထနှစ်စက်ဝန်း အတွက် ချေးငွေများကို ယမန်နေ့က အဆိုပါ ကျေးရွာသို့ သွားရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Oct 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများသွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ရေစီးရေလာ ကောင်းမွန် ရေးအတွက် ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Oct 28,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းမှ သင်တန်းသားများ၏ Swab နမူနာရယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို RDT Test Kits ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က တောင်သာ အ.ထ.က ကျောင်းခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 28,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး ဆောင်ရွက်မည့် အထူးရဲ တပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Oct 28,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ် မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် ရွေးကောက်ပွဲ လုံခြုံရေးအထူးရဲ သင်တန်း ဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့ (အ.ထ.က)ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။