အမြို့မြို့အနယ်နယ်သတင်းများ

Oct 28,2020
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ရဲတံခွန်လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား/အသင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက် (၁၁) နာရီက စော်ရဲကျေးရွာတွင် အသင်းတာဝန်ရှိသူ များက ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 28,2020
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်ကြက်ခြေနီရုံးတွင် ယမန်နေ့၊ နေ့လယ် ၁ နာရီအချိန်၌ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များအား ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
Oct 28,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင်  ၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲ အတွက် မဲရုံပြုလုပ်ရန်လျာထားသည့် သတ်မှတ်နေရာများအား ယမန့်နေ့ နေ့လည်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 28,2020
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန် အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်း အမျိုးမျိုးကို ယမန်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
Oct 28,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံလုပ်ငန်းသုံးပုံစံများကို ကော့သောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူးများထံသို့ ယနေ့နံနက် ၁၀ နာရီက ထုတ်ပေးခဲ့ကြောင်း သိရသည်။
Oct 28,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ကြိုတင် ဆန္ဒမဲ ပေးနိုင်ရေး လုပ်ငန်းများ ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြု လုပ်သည်။
Oct 28,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်ပြည်သူများ လုံခြုံစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်အားကစား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 28,2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အသုံးပြုရန်၊ ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ မဲရုံများအတွက် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် (၉) နာရီအချိန်က ဝါတိုးရပ်ကွက် စိုက်ပျိုးရေးဦးစီးဌာန ဂိုထောင်ရှိ မဲရုံသုံးပစ္စည်းများ ထားရှိရာနေရာတွင် စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။