အမြို့မြို့အနယ်နယ်သတင်းများ

Oct 28,2020
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်မည့် အထူးရဲများ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ် အမှတ်(၂)အခြေခံပညာ မူလတန်း ကျောင်းခန်းမ၌ ကျင်းပသည်။
Oct 28,2020
စစ်ကိုင်းတိုင်း​ဒေသကြီး အရာ​တော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေးအင်အား တိုးမြှင့်ချထားနိုင်ရန်နှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ခန့်အပ်ထားရှိသော ရွေးကောက်ပွဲဆိုင်ရာ အထူးရဲများ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက အရာ​တော်မြို့နယ် အ​ခြေခံပညာအထက်တန်း​ကျောင်း ဆရာစံ ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 28,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယ အကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
Oct 28,2020
(၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲရုံ လုံခြုံရေးများတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲများရွေးကောက်ပွဲဆိုင်ရာ သင်တန်းဆင်းပွဲကို ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကျင်းပခဲ့ပါသည်။
Oct 28,2020
ကရင်ပြည်နယ် ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့် ကိုဗစ် ၁၉ ပိုးတွေ့လူနာများအား သီးသန့်ထားရှိမည့် အထူးကြပ်မတ်ကုသတိုးချဲ့လူနာဆောင်တွင် Oxygen ပိုက်လိုင်းသွယ်တန်းနိုင်ရန်အတွက် ရွှေမြစ်သောင်ရင်းကုမ္ပဏီလိမိတက်နှင့် City ဆီဆိုင်မိသားစုမှ ယနေ့မွန်းလွဲပိုင်းက အလှူငွေများ ပေးအပ်လှူဒါန်းသည်။
Oct 28,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းက အမက-ရွေဘုံသာကျောင်း၌ ဇာတ်တိုက်လေ့ကျင့်ခြင်းကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
Oct 28,2020
မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ် ရေတင် စီမံကိန်းတွင် မိုးစပါး စိုက်ပျိုးခင်းများအောင်မြင်ဖြစ်ထွန်းလျှက် ရှိကြောင်း သိရှိရသည်။
Oct 28,2020
ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင်   ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ   ကာကွယ်ထိန်းချုပ် နိုင်စေရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူ  (၇၉)ဦးထံမှ  နှာခေါင်းနှင့် အာခေါင်  တို့ပတ် (Swab)များရယူခြင်းကို   ယနေ့  နံနက်ပိုင်းက  မြို့နယ်နှင့်ကျေးရွာများရှိ  သက်ဆိုင်ရာ  Quarantine Centre နှင့်H Qနေရာ (၁၁)နေရာသို့  ပေါင်းတည်မြို့နယ်ပြည်သူ့ကျန်းမာရေး  ဦးစီးဌာန ကျန်းမာရေးကြီးကြပ်(၂) ဝန်ထမ်း Swab Team  အဖွဲ့  ၃  ဖွဲ့ဖြင့် သွားရောက်ဆောင်ရွက် ခဲ့ကြသည်။