အမြို့မြို့အနယ်နယ်သတင်းများ

Oct 27,2020
သထုံခရိုင် ဘီးလင်းမြို့နယ်၌ ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌တာဝန်ထမ်းဆောင်ကြမည့် မဲရုံးမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ကဇိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့သည်။
Oct 27,2020
စစ်ကိုင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်း ပနိုင်ရေးနှင့် မဲရုံများ၌ပြည်သူများဆန္ဒမဲပေးရေးကိစ္စများတွင် အစဉ်ပြေစေရန်အတွက် မဲရုံများ မီးလင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့က မြို့ပေါ်ရပ် ကွက်များ တွင် နယ်မြေကွင်းဆင်းကာ စစ်ဆေးခဲ့ကြသည်ကိုသိရသည်။
Oct 27,2020
မိုးရာသီကာလ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့ - ဖာဖုတ်ကားလမ်းမ (ကြားစခန်းကွေ့) လမ်းမပေါ် မြေပြိုကျ၍ ခရီးသွား ပြည်သူများ အခက်ကြုံတွေ့လျက်ရှိရာ အောင်တိုဘာလ ၂၆ ရက် ယမန်နေ့၌ မိုဝိုင်းလွတ်မြို့မှ နာဂဝန်ထမ်းမိသားစု နာရေးကူညီမှုအသင်းက သွားရောက်ပြီး မြေစာများ ဖယ်ရှားခဲ့ ကြောင်းသိရသည်၊၊
Oct 26,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ ကော့ဗမာကျေးရွာအုပ်စု၊ ကျောက်ထနောင်ကျေးရွာ၊ ကော့သောင်း−ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၄၇−၄)နှင့် (၅)အကြားတွင် ယနေ့ နံနက် ၇နာရီခွဲခန့်က ၁၂ ဘီး ယာဉ်တစ်စီး ချောက်ထဲသို့ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Oct 26,2020
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် အောက်တိုဘာ ၁၄ ရက်နေ့က ပထမဦးဆုံး ကိုဗစ်-၁၉ ပိုးတွေ့ရှိသော လူနာသည် ယနေ့တွင် ရောဂါသက်သာပျောက်ကင်း၍ ရေကြည်ပြည်သူ့ဆေးရုံမှ ဆေးရုံဆင်းခွင့် ရရှိခဲ့သည်။
Oct 26,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများကို သပိတ်ကျင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ယနေ့နံနက်ပိုင်းက Test Kit ဖြင့် ကိုဗစ်-၁၉ ​ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့သည်။
Oct 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပြုလုပ်ရန် လျာထားသည့် သတ်မှတ်နေရာများအား ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တာဝန်ရှိသူထံမှ သိရသည်။
Oct 26,2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။