အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း မြို့မဈေးမှတစ်ဆင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ဈေးအတွင်းရှိ ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 26,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင် ဆန္ဒမဲပေးနိုင်ရန် ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများထံသို့ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်ကြီး ရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့်၈၆လမ်းထောင့်ရှိ အမြောက်တန်း သစ်လွင်ဓမ္မာရုံတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
Oct 26,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၂၇၉၄၈ ဦး၊ မသန်စွမ်းမဲပေးခွင့်ရှိသူ ဦးရေ ၂၀၀ ကျော် နှင့် မဲရုံပေါင်း ၁၈၂ ရုံ ထားရှိမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆင့်ပွား သင်တန်းကို စက်မြေရပ်ကွက်ရှိ အမှတ်(၁၄) အခြေခံပညာ မူလတန်းကျောင်း၌ အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ ၂၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
Oct 26,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ဒုတိယမဲရုံမှူး ၊မဲရုံအဖွဲ့ဝင် များအား ရွေးကောက်ပွဲဆိုင်ရာ မဲရုံသရုပ်ပြခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က လက်ခုတ်တန်းရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ခုနှစ်ရက်သားသမီးများ စုပေါင်းလှူဒါန်းသည့် မီးသင်္ဂြိုလ်စက်နှင့် ငြိမ်းအေးဇရပ်အား မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၉နာရီအချိန်ခန့်က မြို့မသုဿာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 26,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှ ဖီးကြမ်းငှက်ပျော စိုက်တောင်သူများ ကိုဗစ်-၁၉ ရောဂါကာလဖြစ်သော်လည်း ဖီးကြမ်း ငှက်ပျောထွက် သလောက် ရောင်းချနေရကြောင်း လက်ပံခြေပေါ်ကျေးရွာ ငှက်ပျောစိုက်တောင်သူ ဦးအောင်ဌေးထံက သိရသည်။
Oct 26,2020
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ ပြင်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒပြုရန် ပြန်လည်ပေးပို့ လာသည့် ဆန္ဒမဲလက်မှတ်များအား ထည့်သွင်းနိုင်ရေး၊ မြို့နယ်ကြိုတင်မဲပုံးလုံခြုံရေး ကြိုးချိတ်ပိတ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ရွာငံမြို့နယ် ဗထူးခန်းမဆောင်၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Oct 26,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရီုင် ထန်းတပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံးမှူး ဒုတိယမဲရုံးမှူး တာဝန်ယူကြမည့် ဆရာ/ဆရာမများအား ရေွးကောက်ပွဲဆိုင်ရာ သင်တန်းကို ယနေ့ နံနက် (၉ )နာရီက ထန်းတပင်မြို့ အခြေခံပညာအထက် တန်းကျောင်း ပင်လုံခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့သည်။