အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး ဆောင်ရွက် မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအစည်း အဝေးခန်းမ တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Oct 26,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များ၊ မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် (၉) နာရီက ပြင်ဉီးလွင်မြို့၊ အထက (၄) ၊ ကံ့ကော်ခန်းမ၌ စတင်ထုတ်ပေးလျက် ရှိသည်။
Oct 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ၌ အသုံးပြုရမည့် မဲရုံသုံး ပစ္စည်း(၃၂)မျိုးနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ယနေ့ နံနက်ပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ စုပေါင်းရုံးခန်းမ၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Oct 26,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းသားများ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Oct 26,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဦးလွင်မြို့ရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ(၂၀၀)ဦးကို ယနေ့တွင်  RDT Test Kit ဖြင့်ကိုဗစ်- ၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 26,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံးသုံးပစ္စည်းများကို ယနေ့နေ့လယ်ပိုင်းကစတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် စနစ်တကျ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
Oct 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးမည့်ဆန္ဒမဲပုံးများအားပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ် ခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Oct 26,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ တွေ့ရှိပါက မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဆေးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ(၆)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံမှဆင်းခွင့်ရပြီးဖြစ်ကြောင်း သိရသည်။