Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တပ်ကုန်းမြို့၌ အထူးရဲများ သင်တန်းဆင်း
Oct 28,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နေပြည်တော်တပ်ကုန်းမြို့နယ် အတွင်းရှိ မဲရုံများတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲများရွေးချယ်ခန့်အပ်ပြီး သင်တန်းပို့ချပေး ခဲ့ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉နာရီက မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကျင်းပ
Oct 28,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ မဲရုံ(၉၇)ရုံ၌ လုံခြုံရေး တာဝန် ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အထက-တနင်္သာရီ ပညာရတနာခန်းမအတွင်း ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်နှင့် သင်တန်းမှူး ရဲအုပ်အောင်ကြည်သိန်းနှင့် အုပ်ချုပ်သူများ၊ နည်းပြဆရာများနှင့် အထူးရဲတပ်ဖွဲ့ဝင် (၉၈) ဦးတို့ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ ကြိုတင်မဲဆန္ဒရှင်လက်မှတ်များ၊ မဲဆန္ဒရှင်စာရင်းများနှင့်မဲရုံးသုံးပစ္စည်းများထုတ်ပေး…
Oct 28,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ယနေ့ နံနက်(၁၁)နာရီအချိန်ခန့်က ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ကြိုတင်မဲဆန္ဒရှင်လက်မှတ်များ၊ မဲဆန္ဒရှင်စာရင်းများများနှင့် မဲရုံသုံးပစ္စည်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်
Oct 28,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ပြောင်းရွှေ့ နေအိမ်မှ မိသားစုဝင်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့နယ်တွင် မန်ပြိန်းကျေးရွာအုပ်စုရှိ မဲရုံ(၃)ရုံအတွက် ကြိုတင်မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ပြန်လည်ထုတ်ပေးလျက်ရှိ
Oct 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ မန်ပြိန်းကျေးရွာအုပ်စုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်းမှ ပယ်ဖျက်လိုက်သည့်အတွက် မန်ပြိန်းကျေးရွာအုပ်စုရှိ မဲရုံ(၃)ရုံအတွက် ကြိုတင်မဲလက်မှတ်များ နှင့် မဲရုံသုံးပစ္စည်း(၂၃)မျိုးအား ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် Community Based Facility Quarantine Center သို့ နေ့လယ်စာနှင့် ညနေစာ ထမင်းဘူးများ လာရောက်လှူဒါန်း
Oct 28,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယနေ့ နံနက်ပိုင်းက နေ့လယ်စာနှင့် ညနေစာ ထမင်းဘူး(၈၅)ဦးစာအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စု များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများနှင့် ထောက…
Oct 28,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စုများအား မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က အဆိုပါရပ်ကွက်ရှိ အသွားအလာ ကန့်သတ်ထားသည့် နေရာတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးဆောင်ရွက်မည့် အထူးရဲများ သင်တန်းဆင်းပွဲကျင်းပ
Oct 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပဆောင်ရွက်မည့် အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးတာဝန်များ ဆောင်ရွက်ရမည့် အထူးရဲများ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့် တွင် မြို့နယ်ပြည်သူ့ အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28541
Page
28542
Page
28543
Page
28544
Current page
28545
Page
28546
Page
28547
Page
28548
Page
28549
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department