အမြို့မြို့အနယ်နယ်သတင်းများ

Oct 23,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀ ဦးဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး ၂၄ ဦး ဆေးရုံဆင်းတက်နေဆဲဖြစ်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် ထံမှ သိရသည်။
Oct 23,2020
၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိပ်သိုမြို့အတွင်းရှိ မဲရုံ (၄၇) ရုံတွင် တာ၀န်ယူ ဆောင်ရွက်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့၀င်များအား ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်တတ်စေရန်အတွက် အသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 23,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့စဉ်က ရေဝင်ရောက်ခဲ့သည့် ကျေးရွာများမှ ဒေသခံပြည်သူများ မွေးမြူထားရှိသော ကျွဲနွားတိရစ္ဆာန်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် အာဟာရပြည့်ဝစေရန် ရည်ရွယ်၍ တိရစ္ဆာန် အာဟာရတုံး (ယူရီးယားသကာတုံး) များ ထောက်ပံ့ပေး အပ်ခြင်းကို ယ​နေ့ နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
Oct 23,2020
​ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် စာ​ရေးဆရာအသင်းမှ လှိုင်မြို့နယ်ကိုဗစ်-၁၉ကာကွယ်​ရေးနှင့် အ​ရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့နံနက် ၁၀:၃၀နာရီက လိုအပ်​သော​နေရာများတွင် ကျန်းမာ​ရေး လုပ်ငန်းများ ​ဆောင်ရွက်ရန်အတွက် သုံးစွဲနိုင်ပါရန် သွားရောက်လှူဒါန်းခဲ့ကြပါသည်။
Oct 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀)ကျောင်းတွင် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့် နေရာ သို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့်
Oct 23,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အပြင်ထွက် သွားလာသူများတွင် (Mask) စနစ်တကျ တပ်ဆင်သွားလာရေးစစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Oct 23,2020
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ ၂၀၂၀-ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး ၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်သင်တန်းဖွင့်လှစ်ခြင်းနှင့် ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီခန့်က သံဖြူဇရပ်မြို့ အထက (၁) ကျောင်းပညာ့ ဗိမာန်ခန်းမ၌ ပြုလုပ်သည်။