Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မဲရုံကြီးကြပ်တာဝန်ထမ်းဆောင်မည့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား မြို့နယ် စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ပေးအပ်ပွဲပြုလုပ်
Nov 03,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံကြီးကြပ်တာဝန်ထမ်းဆောင်မည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီက မိုင်းရယ်မြို့ ပြည်ထောင်စုခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့၌ နိုဝင်ဘာ(၈)ရက်နေ့တွင်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများစတင်ထုတ်ပေး
Nov 03,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးအောက်ပွဲတွင်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက်(၉)နာရီအချိန်က ဟိုပန်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ မြို့နယ်ကော် မရှင် ဝန်ထမ်းများနှင့် အဖွဲ့ဝင်များက စတင်ထုတ်ပေးလျှက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများရှိ မဲရုံများအား တာ၀န်ရှိပုဂ္ဂိုလ်များ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 03,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ပေါ်ရှိရပ်ကွက် အလိုက် မဲရုံများနှင့် မဲဆန္ဒနယ်မြေ အမှတ်(၂) အတွင်းရှိမဲရုံများအား နိုဝင်ဘာလ (၁)ရက် နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးပျို့မောင်နှင့် အဖွဲ့၀င်များ လိုက်ပါ လျက် သက်ဆိုင်ရာမဲရုံအသီးသီးသို့ သွားရောက် ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်နိုင်ရန် Mask တပ်ဆင် အသုံးပြု နိုင်ရေး မြို့မစည်ပင်သာယာစျေး၌ ဆောင်ရွက်
Nov 03,2020
မြန်မာနိုင်ငံအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားလျက်ရှိရာ ကူးစက်ပြန်ပွားမှု လျော့ကျရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပြည်သူတိုင်း Mask တပ်ဆင်အသုံးပြုနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကာကွယ် ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာနနှင့် လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းကာ Mask တပ်ဆင်အသုံးမပြုဘဲ သွားလာနေသူများအား အသိပညာ ပေးခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့မစည်ပင် သာယာစျေး၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်ရေး စစ်ဆေးမှုများ အရှိန် အဟုန်မြှင့်ဆောင်ရွက်
Nov 03,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask)မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို မြို့နယ်အတွင်းရှိ (၃၀)ရပ်ကွက် ဒဂုံရွှေပြည်စျေးနှင့် ပင်လုံလမ်းတို့တွင် ယနေ့ နံနက် ၈ နာရီက အရှိန် အဟုန်မြှင့်စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာခရိုင်အတွင်းရှိ မြို့နယ်များသို့ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင် ရေးအတွက် အသုံးပြုရန် ပစ္စည်းများပေးအပ်
Nov 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ ကသာ၊ အင်းတော်၊ ထီးချိုင့်၊ ဗန်းမောက် မြို့နယ်များအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အသုံးပြုရန်ပစ္စည်းများအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က သက်ဆိုင်ရာမြို့နယ်များသို့ ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေး
Nov 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးပြည်သူများအား ကြိုတင်မဲကောက်ယူခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကောက်ယူ လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စု(၄၀၀)စုတို့အား စားသောက် ကုန်များ ထောက်ပံ့ လှူဒါန်း
Nov 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့ ၊စန္ဒကူး(၂)ရပ်ကွက်နေ အလှူရှင် ကိုထိန်ဝင်း+ မစုလှိုင်ဝင်း (MS)မိသားစုမှ သား/သမီး များ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် မြို့ပေါ် ရပ်ကွက်များ ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၄၀၀)စု တို့အား အခြေခံစားသောက်ကုန်များကို ယနေ့ နံနက်(၉)နာရီအချိန် က ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28543
Page
28544
Page
28545
Page
28546
Current page
28547
Page
28548
Page
28549
Page
28550
Page
28551
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department