အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ကျိုင်းတောင်း တိုက်နယ် ဆေးရုံရှိ ပင်မဆောင်၊ အမျိုးသားဆောင်၊ အမျိုးသမီးဆောင်၊ ခွဲစိတ်ဆောင်နှင့် စတိုဆောင်တို့၏ ခေါင်မိုးများ မျက်နှာကျက်များနှင့် လျှပ်စစ်ဝါယာကြိုးများ အသစ်လဲလှယ် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 20,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအထောက်အကူပြု လုပ်ငန်းများအတွက် အသုံးပြုရန် ပစ္စည်များကို ပခုက္ကူခရိုင် စေတနာရှင် အလှူရှင်က ယမန်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ရုံးခန်းမတွင် လာရောက်လှူဒါန်းခဲ့သည်။
Oct 20,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင ်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား အသိပညာပေး ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်သပြေခန်းမ၌ ပြုလုပ်သည်။
Oct 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အ.မ.က(ယမ်းခမ်း)နှင့် အ.လ.က-ခွဲ(မုန်းလိုက်)ရှိ Quarantine Centre များမှ ပညာရေးဝန်ထမ်း ၅၁ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုအဖြေမှာ ပိုးမတွေ့ရှိကြောင်း၊ Not detected ဖြစ်ကြောင်း ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Oct 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၈ နာရီအချိန်က ပုံမှန်ကာကွယ်ဆေးထိုး/ တိုက် အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး (HPV) စတင် ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။
Oct 20,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းမျာ
Oct 20,2020
ရန်ကုန်အနောက်ပိုင်း ခရိုင်၊လှိုင် မြို့နယ်တွင်ဖွင့်လှစ်ထားရှိသည့် Community Based Facility Quarantine Center ငါးခုဖြစ်သည့် အ−မ−က (၂၆)၊ အ−လ−က (၅) မေခဆောင်၊ ဒူးယား ဆောင်၊ ဇွဲကပင်ဆောင်တို့တွင် အသွားအလာကန့်သတ်ထားရှိသူများ၊