အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2020
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ယမန်နေ့မနက်(၉)နာရီက မြို့မဈေးကြီးအတွင်း  မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များက ဈေးရောင်းချသူဈေးဝယ်သူများအား နှာခေါင်းစည်း (mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 20,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀  ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို  ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ကပြုလုပ်ခဲ့သည်။
Oct 20,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့တွင် တစ်မြို့နယ် လွှမ်းခြုံသော ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံမည့် အိတ်ချ်ပီဗီ (သားအိမ်ခေါင်း ကင်ဆာ) ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ လာမာမီးက ပြောကြားသည်။
Oct 20,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် အသုံးပြရန်နှင့် အသွားအလာကန့် သတ်ထားသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်​နေ့က နေလည်စာထမင်းဘူး (၁၉၀)ဘူးနှင့် ကြက်ဥအလုံး(၁၀၀) လာရောက် လှူဒါန်း ခဲ့ကြောင်းသိရ သည်။
Oct 20,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ သံတောင်ကြီးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းနှင့် ပတ်သက်၍အသိပညာပေး
Oct 20,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် ကွမ်းသီးများ ရင့်မှည့်လာပြီဖြစ်၍ ကွမ်းသီးစိုက်ပျိုးသူ တောင်သူများ ဆွတ်ခူး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။