အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2020
HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အသိပေးဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Oct 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မြို့နယ်ကြိုတင်မဲပုံးအတွင်း မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲများ စတင်ထည့်သွင်းခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 19,2020
၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရစီအထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အသက်(၆၀)နှင့်အထက်ကြိုတင် ဆန္ဒမဲပေးခွင့် ရှိသူ(၇၅၈၅၉၂)ဦး ရှိပြီး ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက် မဲပေးရန်အခက် အခဲရှိပါက နေအိမ်တွင်မဲပေးနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်(သို့)ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ သိရသည်။
Oct 19,2020
မြန်မာနိုင်ငံအမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင် အဖွဲ့မှသန်လျင်မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်ပါဝင်ကူညီလျက်ရှိသည့် ပရဟိတအဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ပွဲ ကိုယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပ သည်။ ရှေးဦးစွာသန်လျင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးလွင်ကိုလတ်နှင့်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်
Oct 19,2020
ရန်ကုန်‌‌‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်    ကိုဗစ်-၁၉ ကူးစက်မှုမပျံ့ပွားစေရန်နှင့်  ကာကွယ် ထိန်းချုပ်နိုင်စေရန်  ရည်ရွယ်၍  ကိုဗစ်-၁၉    ပိုးတွေ့လူနာများနှင့်စပ်ဆက်ထိတွေ့သူများအား  သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ
Oct 19,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကျွဲနွား တိရစ္ဆာန် များအား နွားမေထုံမဲ့ သားစပ်ခြင်းနှင့် ပေါင်ပုပ်လက်ပုပ် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်း များအား ယနေ့ညနေ (၃)နာရီက ဒိုင်းကျေးရွာတွင် ကွင်း ဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Oct 19,2020
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ပလောက်မြို့ တွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် HPV ကာကွယ်ဆေး စတင် ထည့်သွင်းထိုးနှံခြင်း အစည်းအဝေးပြုလုပ်ခြင်းကို ယနေ့ နေ့လယ်(၁)နာရီ အချိန်က ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့သည်။
Oct 19,2020
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် စိုက်ပျိုး​ရေး​မွေးမြူ​ရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန၊​မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ​ ကျေးလက်​နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ပကတိ လိုအပ်ချက်များ​ဖော်ထုတ်ပြီးဦးစား​ပေးအစီအစဥ်အလိုက် စီမံချက်များ​ရေးဆွဲ ဖော်ထုတ်နိုင်​​​စေရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ဘဏ္ဍာ​ရေးနှစ်​ကျေးရွာဖွံ့ဖြိုး​ရေးစီမံကိန်း(VDP)နှင့်မြစိမ်း ရောင်​ကျေးရွာ​ရွေးချယ်ခြင်းအခမ်း အနားကို ယ​နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ် ရေးမှူးရုံးအစည်းအ​ဝေးခန်းမ၌ ကျင်းပ ခဲ့သည်။