အမြို့မြို့အနယ်နယ်သတင်းများ

Oct 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ၌ အသုံးပြု မည့် ဆန္ဒမဲလက်မှတ် များကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ယနေ့နေ့လယ်ပိုင်းက စတင်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ မင်းရာဇာခန်းမ တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Oct 19,2020
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ပြည်နယ် အဆင့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီခွဲအချိန် က ရှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန သုံးထပ်ဆောင် အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Oct 19,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Oct 19,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အဝင် (ဆင်မကြပ်)လမ်းဆုံစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များ ပူးပေါင်းအဖွဲ့က အဆိုင်းသုံးဆိုင်းဖြင့် နေ့/ည မပြတ်အရှိန်အဟုန်မြှင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 19,2020
မွန်ပြည်နယ်မုဒုံမြို့နယ်တွင် အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အစီအစဉ် တွင်ထည့်သွင်းခြင်းမြို့နယ်အဆင့် အသိ ပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၂) နာရီခန့်က မြို့နယ်ပြည်သူ့ဆေးရုံဝင်း ပြင်ပလူနာ ဆောင် သစ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Oct 19,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ် (၁) ရပ်ကွက်မှ မိုးနိုင်းကျေးရွာသို့ အဆင်ပြေချောမွေ့စွာ ဆက်သွယ်သွားလာနိုင်ရန်အတွက် အောက်တိုဘာလ (၁၂) ရက်နေ့ကစတင်၍ မိုးနိုင်းကျေးရွာ ဝါးကြမ်းခင်းတံတား ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
Oct 19,2020
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် အမျိုးသမီးငယ်ကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါ (HPV) ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအစီအစဉ်တွင် ထည့်တွင်းခြင်း မြို့နယ် အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁) နာရီခန့်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Oct 19,2020
ရှမ်းပြည်နယ်(တောက်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးမျိုးသက်ဦးနှင့် ဦးပြည့်ဖြိုးသူ တို့မှ ယနေ့ နံနက်ပိုင်းက အိတ်ချ်ပီဗီ ကာကွယ်ဆေး ထိုးကြပါစို့ ပိုစတာများနှင့် ကျန်းမာ‌ရေး အသိပညာပေး ​ဗီနိုင်းများ ကို လူစည်ကားရာ နေရာများ၊ ရပ်ကွက်ကျေးရွာများ အတွင်း၌ ကပ်၍ကြေညာခဲ့ပါကြောင်း သိရသည်။