အမြို့မြို့အနယ်နယ်သတင်းများ

Oct 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ Quarantine Centre (၃)ခုတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံယူနေသူများအတွက် အာဟာရအလှူဒါနအဖြစ် နေ့လယ်စာ ထမင်းဟင်းဘူးများကို အလှူရှင်များက ယမန်နေ့ နေ့လယ်ပိုင်း က အဆိုပါ Quarantine Centre (၃)ခုသို့ သွားရောက်လှူဒါန်းပေးခဲ့သည်။
Oct 19,2020
အမရပူရမြို့နယ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒု-မဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့်သူများအား မဲရုံလုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် မဲရုံမှူးသင်တန်းကို အောက်တိုဘာလ (၁၉) ရက် နံနက် (၉) နာရီအချိန်က ရတနာပုံတက္ကသိုလ်ကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့သည်။
Oct 19,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် အသက်(၉) နှစ်မှ (၁၄)နှစ်အတွင်း အမျိုး သမီးများ အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းနှင့် ပတ်သက်၍ အသိပေးတင်ပြခြင်း အခမ်းအနားအား ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်း ပပြု လုပ်ခဲ့သည်။
Oct 19,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်ရာတွင် ကြိုတင် ဆန္ဒမဲလက်မှတ်များကို အဆင်သင့် ထည့်သွင်း အသုံးပြုသွားနိုင်ရေးအတွက် ကြိုတင် ဆန္ဒမဲပုံးအား လုံခြုံရေးကြိုး ဖြင့် တပ်ဆင်ချိတ်ပိတ်ခြင်းကို ယမန်နေ့ နံနက် အချိန်က ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Oct 19,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ခြေမြစ်ပင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့် စစ်ဆေးချက်အရ အောက်တိုဘာလ (၈) ရက်နေ့တွင် ပိုးတွေ့ရှိသူ ယာဉ်မောင်း (၁)ဦးနှင့် ၎င်း၏ ယာဉ်နောက်လိုက် (ပိုးမတွေ့) (၁)ဦး၊ အောက်တိုဘာ(၉)ရက်နေ့တွင် ပိုးတွေ့ရှိသူယာဉ်မောင်း (၁)ဦးတို့အား ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက်ပိုင်း က ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
Oct 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ Rs-Cs မျိုးစေ့ထုတ်စိုက်ပျိုးထားသော SR-456 စပါးမျိုးစံကွက် ရိတ်သိမ်းခြင်းကို ဟိုပုံးမြို့ မြို့မကွင်းတွင် ယမန်နေ့ နံနက်ပိုင်း က စတင်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိ သူများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 19,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၉)နှင့် အသက်(၁၀)နှစ်အရွယ်ရှိ မိန်းကလေးငယ်များအား (Human Papillomavirus (HPV) vaccine Introduction) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံနိုင်​ရေးနှင့် ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်၌ ထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။