Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့သစ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ် တွင် စတင်ထည့်သွင်းခြင်း လုပ်ငန်းအား မြို့နယ် အဆင့် အသိပေးဆွေးနွေးပွဲ ကျင်းပ
Oct 19,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ်ကျန်းမာရေးဌာနမှ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ကို ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းခြင်း လုပ်ငန်းအား မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေး ခန်းမ၌ ယနေ့နံနက် (၉) နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းတွင် ပထမအကြိမ် HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်၍ အသိပညာပေး
Oct 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ဟုမ္မလင်းမြို့ ခုတင် (၁၀၀ )ဆံ့ ပြည်သူ့ဆေးရုံအုပ်ရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကျေးရွာများအား စာရင်းဇယားနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကွင်းဆင်း စစ်ဆေး
Oct 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကျေးရွာဖြစ်သော ညောင်ပင်လေး ကျေးရွာတွင် စာရင်းဇယားများနှင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့အား ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း (mask) တပ်ဆင်မှု အလေးထား ဆောင်ရွက်ရန် နေ့စဉ် စစ်ဆေးကြပ်မတ်
Oct 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နေ့စဉ်နံနက်(၇)နာရီက မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် စည်းကမ်းလိုက်နာခြင်းမရှိသူများအား ဒဏ်ကြေး ငွေပေးဆောင်စေခြင်းဖြင့် စည်းကမ်းလိုက်နာမှု ရှိစေရန် နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများအား မြေစိုက်နံရံကပ် ဘုတ်တွင် ပြသထားရှိ
Oct 19,2020
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့ နံနက် ၉ နာရီက ပြသခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ် ဆင်ကျွန်းကျေးရွာတွင် ပြည်သူမှ ပြည်သူသို့ ဒုတိယအကြိမ် အခြေခံစားသောက်ကုန်များ လှူဒါန်း
Oct 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် အလုပ်အကိုင် အဆင်မပြေ၍ စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်နှင့် အလှူငွေများ ဒုတိယအကြိမ် လှူဒါန်းခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ခရမ်းမြို့နယ် ဆင်ကျွန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင် ပဲမျိုးစုံဧက (၁၄) သိန်းကျော် စိုက်ပျိုးရန် လျာထား
Oct 19,2020
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင် ပဲမျိုးစုံ (၁,၄၂၇,၃၉၅) ဧကကို စိုက်ပျိုးသွားနိုင်ရေး လျာထား ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေးရောင်းချသူများနှင့် စျေးဝယ်သူများ ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ရေး စစ်ဆေးခြင်း များဆောင်ရွက်
Oct 19,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင်း နေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသူများ၊ စျေးရောင်းသူများနှင့် စျေးဝယ်သူများ ပါးစပ်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28622
Page
28623
Page
28624
Page
28625
Current page
28626
Page
28627
Page
28628
Page
28629
Page
28630
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department